ဗမာပြည်မှာ နအဖက သုတေသနအတွက် အဏုမြူဓာတ်ပေါင်းဖိုတခု တည်ဆောက်မယ်လို့ တရား ဝင်ကြေညာ ထားပြီး ရုရှားနိုင်ငံက ဝယ်ယူဖို့ စီစဉ်ထားပါတယ်။ ရုရှားနိုင်ငံဟာ အဏုမြူလက်နက် မပြန့်ပွားရေးစာချုပ် လက် မှတ်ထိုးထားပြီး အိုင်အေအီးအေ ခေါ် နိုင်ငံတကာအဏုမြူ စွမ်းအင် အေဂျင်စီ အဖွဲ့ဝင်ဖြစ်တဲ့အတွက် သူတို့ ရောင်းတဲ့ ဓာတ်ပေါင်းဖိုကနေ အဏုမြူလက်နက် ထုတ် လုပ်တာ မဖြစ်ရအောင် အထိန်းအချုပ် အကွပ်အ ညှပ် တွေ မလုပ်မနေရ လုပ်ရပါတယ်။ အိုင်အေ အီးအေ အာဏာပိုင်တွေကိုလည်း စစ်ဆေးချုပ် ကိုင်ခွင့်ပြု ရပါ တယ်။ ဒါပေမယ့် မြောက်ကို ရီးယား ကတော့ ဒီလိုအထိန်းအချုပ်တွေနဲ့ ကင်းလွတ်ပြီး လုပ်ချင်ရာလုပ်နေတဲ့ စည်းအ ပြင်ကနိုင်ငံ ဖြစ်နေ တာကြောင့် နအဖဟာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့အတွက် မြောက်ကိုရီးယားကို တိုက်ရိုက် အားကိုးရမှာဖြစ်ပြီး ရုရှား၊ ပါကစ္စတန်တို့ကိုတော့ သွယ်ဝိုက်အားကိုးလို့ပဲ ရနိုင်ပါတယ်။
အဏုမြူဗုံးလုပ်ရာမှာ ယူရေနီယမ်သတ္တုကို သုံးတယ်ဆိုတာ လူအတော်များများ သိကြပါတယ်။ ဒါပေမယ့် သာ မန်ရိုးရိုး ယူရေနီယမ်ကို သုံးလို့မရပါဘူး။ ‘အိုင်ဆိုတုပ်’ လို့ခေါ်တဲ့ ရေဒီယို ဓာတ်ကြွ မျိုးကွဲတွေထဲက တမျိုးကိုပဲ သုံးရတာဖြစ်ပါတယ်။ ယူရေနီယမ်ဟာ ဒြပ်စင်အမှတ်စဉ် (၉၂) ဖြစ်တဲ့ အတွက် သူ့အဏုမြူထဲမှာ ပရိုတွန် (၉၂) လုံး၊ အီလက်ထရွန် (၉၂) လုံးရှိပါတယ်။ ယူရေနီ ယမ်အိုင်ဆိုတုပ်တွေထဲမှာ သဘာဝအတိုင်း မြေကြီးထဲကနေ အများဆုံး တူးဖော်ရရှိတာက ယူရေ နီယမ် ၂၃၈ (နျူထရွန် ၁၄၆ လုံး) ဖြစ်ပြီး သဘာဝယူရေနီယမ်စုစုပေါင်းရဲ့ (၉၉.၂၈၄) ရာခိုင်နှုန်း ရှိပါတယ်။ ယူရေနီယမ် ၂၃၅ (နျူထရွန် ၁၄၃ လုံး) ကတော့ သဘာဝသတ္တုရိုင်းထဲမှာ (၀.၇၁၁) ရာခိုင်နှုန်းပဲ ပါဝင်ပါတယ်။ (၂၃၅) ဖြစ်ဖြစ် (၂၃၈) ဖြစ်ဖြစ် ယူရေနီယမ်မှန်ရင် သတ္တုရိုင်း တွေက လည်း ရေဒီယိုဓာတ်ကြွတဲ့အတွက် သတ္တုတွင်းတူးအလုပ်သမားတွေ၊ သယ်ယူပို့ဆောင်ကိုင် တွယ်ရ တဲ့ အလုပ် သမား တွေ၊ စစ်သည်တွေအတွက် အန္တရာယ်ကြီးလှပါတယ်။
အဏုမြူဗုံးလုပ်တဲ့အခါ ယူရေနီယမ် (၂၃၅) ကို သုံးရပါတယ်၊ ဒါမှမဟုတ် ယူရေနီယမ် (၂၃၈) ကို ပလူတိုနီ ယမ်ဖြစ်အောင် ပြောင်းလဲပြီး သုံးနိုင်ပါတယ်။ (ဟီရိုးရှီးမားမှာချတဲ့ အဏုမြူဗုံးဟာ ယူရေနီယမ် (၂၃၅) နဲ့ လုပ် တာဖြစ်ပြီး နဂါစကီမှာချတဲ့ အဏုမြူဗုံးကတော့ ပလူတိုနီယမ်နဲ့ လုပ်တြာ ဖစ်ပါတယ်။) ဒါပေမယ့် ဒီဒုတိယ နည်း အတွက် ပလူတိုနီယမ်ကို အဏုမြူဓာတ်ပေါင်းဖိုနဲ့ ထုတ်လုပ် ရတာဖြစ်လို့ ခက်ခဲပြီး အဆင့်မြင့်ပါတယ်။ တန်ဖိုး လည်းကြီးပါတယ်။ ဒါကြောင့် အဏုမြူဗုံးကို ပေါချောင်ကောင်းရချင်တဲ့ အာဏာရှင်စနစ်ထွန်းကားရာ နည်းပညာ အဆင့်နိမ့် ဖွံ့ဖြိုးဆဲ တိုင်းပြည် တွေကတော့ စစချင်းမှာ ယူရေနီယမ် (၂၃၅) ကတဆင့် အဏုမြူဗုံးကို အဓိက ထုတ်လုပ်ပြီး တချိန် တည်းမှာ ပလူတိုနီယမ်ကိုလည်း ခိုးလုပ်နိုင်အောင် အဏုမြူဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ကြိုးစား ကြပါတယ်။ဒါကြောင့် အဏုမြူဓာတ်ပေါင်းဖို တည်ဆောက်ဖို့ဖြစ်စေ၊ အဏုမြူဗုံးလုပ်ဖို့ဖြစ်စေ အစက နဦးအနေနဲ့ ယူရေနီယမ် (၂၃၅) ထုတ်လုပ်ဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။ သဘာဝသတ္တုရိုင်းထဲကနေ အင်မတန် အချိုးအစားနည်းနည်းပဲပါတဲ့ ယူရေနီယမ် (၂၃၅) ကို စုယူနိုင်ဖို့အတွက် နည်းလမ်းအမျိုး မျိုးရှိတဲ့ အနက် အထိရောက်ဆုံး အသုံးအများဆုံးနဲ့ စရိတ်အသက်သာဆုံးကတော့ ဗဟိုဆွဲအားစက်တွေ ဖြစ်ပါတယ်။ ဗဟိုဆွဲ အား Centrifuge ရဲ့ သဘောတရားကတော့ ရွှေကျင်ရာမှာ အလေးဆမတူတဲ့ သဲတွေ၊ ကျောက်တွေနဲ့ ရွှေကို စကောဝိုင်း ဝိုင်းပြီး ခွဲထုတ်ရသလိုပါပဲ။
ဆေးရုံတွေမှာလည်း သွေးစစ်ရာမှာ သွေးထဲပါတဲ့ အမှုန်အမွှားအမျိုးမျိုးကို ခွဲခြားနိုင်ဖို့ ဖန်ပြွန်တွေ ထဲထည့်ပြီး ဗဟိုဆွဲအားစက်ထဲ ထည့်လှည့်ရပါတယ်။ အလေးဆ နည်းနည်းလေးပဲ (၁.၂၆ ရာခိုင် နှုန်း) ကွာတဲ့ (၂၃၈) နဲ့ (၂၃၅) နှစ်မျိုးရောနေတာကိုကျတော့ လက်နဲ့ စကောဝိုင်းတာထက် အဆ ပေါင်းများစွာမြန်တဲ့ စက်နဲ့ မွှေ့လိုက် တဲ့အခါ ပိုပေါ့တဲ့ (၂၃၅) က အပေါ်မှာ သို့မဟုတ် အလယ်မှာ လာစုပါတယ်။ သဘာဝသတ္တုမှုန်တွေထဲမှာ (၀.၇) ရာခိုင်နှုန်းပဲပါတဲ့ (၂၃၅) ကို များများရဖို့ ယူရေနီယမ်ဓာတ်ငွေ့တွေကို ဆလင်ဒါ ပြွန်လုံးရှည်ကြီးတွေထဲထည့်ပြီး လှည့်တဲ့အခါ (၂၃၈) က ပြွန်လုံးဘေးမှာကပ်ပြီး (၂၃၅) တွေက အလယ်မှာ လာစုပါတယ်။ အလယ်မှာ စုနေတဲ့ (၂၃၅) တွေကို ပိုက်တွေနဲ့ စုပ်ထုတ်ပြီး နောက်ထပ် ပြွန်လုံးရှည်တွေထဲလွှတ်၊ ဗဟိုဆွဲအားနည်းနဲ့ ထပ်ခါထပ်ခါ စစ်ထုတ်စုယူရပါတယ်။ အဏုမြူဓာတ်ပေါင်းဖိုမှာ သုံးဖို့ဆိုရင် (၂၃၅) ငါးရာခိုင်နှုန်းလောက်အထိ ဖြစ်လာရင် သုံးလို့ရပြီး အဏုမြူလက်နက် ထုတ်လုပ်ဖို့ဆိုရင်တော့ (၂၃၅) ကိုးဆယ်ရာ ခိုင်နှုန်း ကျော်အထိ သန့်စင် ဖို့လိုတဲ့အတွက် ဗဟိုဆွဲအား ဆလင်ဒါ ပြွန်လုံးတွေ ထောင်နဲ့ချီ လိုတာဖြစ် ပါတယ်။ ဒါကြောင့် ဗဟိုဆွဲအား စက်ရုံတွေမှာ ပြွန်လုံးရှည်ကြီးတွေ ထောင်နဲ့ချီ တပ်ဆင်ထားရတဲ့ အတွက် သိသာမြင်သာတဲ့ စက်ရုံ အကျယ်ကြီးတွေ တည်ဆောက်ရပါတယ်။ ဒီဗဟိုဆွဲအားစက်ရုံ မရှိရင် အဏုမြူဗုံး ဘယ်လိုမှ မထုတ်လုပ်နိုင်ပါဘူး။
ဒါတွေလုပ်ဖို့အတွက် ပထမဆုံးအဆင့်မှာ သတ္တုတွင်းက တူးဖော်ရလာတဲ့ ယူရေနီယမ်မြေ သား အရိုင်းကို ကြိတ်ခွဲပြီး ဓာတုဗေဒနည်းနဲ့ သန့်စင် အရည်ဖျော် အခြောက်ခံလိုက်တဲ့အခါ ‘အဝါ ရောင် ကိတ်မုန့်’ Yellow Cake လို့ လူသိများတဲ့ ဒုတိယဆင့် သတ္တုရိုင်းဖြစ်လာပါတယ်။ ဒါကို နောက်တခါ အက်ဆစ်၊ ဇဝက်သာ၊ ဟိုက် ဒြိုဂျင်၊ အောက်ဆီဂျင်တို့နဲ့ အဆင့်ဆင့် ဓာတ်ပြုစေတဲ့အခါ နောက် ဆုံးမှာ ယူရေနီယမ်ဟက်ဆာဖလိုရိုဒ်ဓာတ်ငွေ့ ရပါတယ်။ အဲဒီယူရေနီယမ် ဓာတ်ငွေ့ကို စောစော ကပြောတဲ့ ဗဟိုဆွဲအားပြွန်လုံးတွေထဲထည့်ပြီး ‘ကျင်’ ယူရတာဖြစ်ပါတယ်။
အခု သတင်းထွက်တာက သပိတ်ကျဉ်း၊ မေမြို့၊ မြိုင်နဲ့ ပွင့်ဖြူဘက်မှာ နျူကလီးယားစက်ရုံတွေ ဆောက်နေ တယ်လို့ သတင်းတွေထွက်နေပါတယ်။ သပိတ်ကျဉ်းစက်ရုံကတော့ တပ်မတော် သိပ္ပံနဲ့ သုတေသန နည်းပညာ တပ် (သသန) က တာဝန်ယူတဲ့ ယူရေနီယမ် ဟက်ဆာဖ လိုရိုဒ်ဓာတ် ငွေ့အ ဆင့်အထိ ထုတ်လုပ်တဲ့ ယူရေနီ ယမ်သန့်စင်စက်ရုံ ဒါမှမဟုတ် ရှေ့ပြေးစမ်းသပ်အဆင့် Prototype ဗဟိုဆွဲအားစက်ရုံလို့ ခန့်မှန်းရပါတယ်။ စက် ရုံအရွယ်အစား ကြည့်ရတာလည်း မေမြို့နဲ့ မြိုင်စက် ရုံတွေလောက် မကြီးပါဘူး။ မေမြို့နဲ့ မြိုင်စက်ရုံတွေ သတင်း မပေါ်ခင်ကတည်းက သတင်း ထွက်နေ တာဖြစ်လို့ ရှေ့ပြေးအဆင့် Pilot plant လို့ ယူဆနိုင်တာဖြစ်ပါတယ်။ နျူကလီး ယားဓာတ် ပေါင်း ဖိုကို သပိတ်ကျဉ်းလို ငလျင်ကြောတည့်တည့်ပေါ် သွားဆောက်ရင်တော့ နအဖ လောက် မိုက် မဲတဲ့ လူ ရှိမှာမဟုတ်တော့ပါ။ ဒါပေမယ့် ဗမာပြည်မှာ ယူရေနီယမ် အဓိက ထွက်တဲ့ နေရာက ရှမ်းပြည်၊ တောင်ကြီးနဲ့ ဟိုပုံးကြားက ပင်းပက်သတ္တုတွင်း ဖြစ်ပါတယ်။ အခု အဲဒီမှာ ရုရှား နဲ့ပေါင်းပြီး ယူရေ နီယမ် အကြီးအကျယ်တူးဖို့ လက်တွေ့လုပ်နေပါပြီ။ ရေရှည်မှာတော့ ပင်းပက်ဟာ ယူရေနီယမ် သတ္တုရိုင်းမြေကြီးကို သန့်စင်တဲ့ အဓိကနေရာ ဖြစ်လာပါလိမ့်မယ်။
ဂူဂယ်အတ်သ် (Google Earth) ကနေ ကြည့်တဲ့အခါ သပိတ်ကျဉ်းဘက်မှာ ထူးခြားတဲ့ အဆောက်အဦ မတွေ့ရပါဘူး။ မေမြို့ ဘက်မှာ တော့ ထူးခြားတဲ့ အဆောက်အဦ တွေ့နေရပါပြီ။ မေမြို့အရှေ့ဘက် (၁၀) မိုင်အကွာ နောင်လိုင် နားမှာ တည်ဆောက်နေတဲ့ ပေ (၃၀၀) ပတ်လည် အဆောက်အဦကြီးဟာ နျူကလီးယား ဓာတ်ပေါင်းဖိုတော့ မဖြစ်နိုင်ပါဘူး။ နျူကလီး ယားဓာတ် ပေါင်းဖိုတွေရဲ့ ဓာတ်ပုံက ဒီလိုမဟုတ်ပါဘူး။ ဒါ့အပြင် ဓာတ်ပေါင်းဖိုဆိုတာ ရေပေါပေါများများ ရနိုင်တဲ့နေရာမှာ ဆောက်ရပါတယ်။ ဒါမှ ဓာတ် ပေါင်းဖိုထဲက ထွက် လာတဲ့ အပူဓာတ်ကို ထိန်းနိုင်မှာဖြစ်သလို တာဘိုင်ဂျင်နရေ တာတွေကိုလည်း ရေနွေးငွေ့နဲ့ လည်ပတ်စေပြီး လျှပ်စစ်ဓာတ်အားထုတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင် တာက ယူရေနီယမ်သန့်စင်တဲ့ ဗဟိုဆွဲအားစက်ရုံ Centrifuge Plant ပဲဖြစ်နိုင်ပါတယ်။ အဏုမြူလက်နက် လုပ် ငန်းမှာ ဗဟိုဆွဲအား စက်ရုံ ဆိုတာ အရေးကြီး အဆင့် လျှို့ဝှက်အဆင့်ရောက်လာပြီဖြစ်လို့ မေမြို့ လို တပ်မြို့ နား မှာ ဆောက်တာ အများ ကြီးဖြစ်နိုင်ပါတယ်။ နိုင်ငံတကာက ယူရေနီယမ်သန့်စင်ရေး ဗဟိုဆွဲအားစက်ရုံတွေရဲ့ ဓာတ်ပုံနဲ့ ယှဉ်ကြည့်ပါ။
နောက်သတင်းရတဲ့ မကွေးတိုင်း မြိုင်မြို့နယ် နှမ်းစားကျင်း ဒေသဘက်က လျှိုကြီးကို တူးထုတ်ချဲ့ထွင်ပြီး ဆောက်ထားတဲ့ စက်ရုံကို Google Earth မှာ ရှာမတွေ့သေးပေမယ့် ဓာတ်ပုံမှာ တွေ့ရ တာကတော့ နောင်လိုင် စက်ရုံလိုမျိုး ဗဟိုဆွဲအားစက်ရုံ ဖြစ်ဖို့များပါတယ်။ နောင်လိုင်စက်ရုံနဲ့ပုံစံတူ ပေ (၃၀၀) ပတ်လည် စက်ရုံကြီ ဖြစ်ပါတယ်။ နောင်လိုင်စက်ရုံက အိုင်အေအီးအေ အစစ်ဆေးခံမယ့် (၂၃၅ ငါးရာခိုင်နှုန်းအထိပဲ ထုတ်မယ့်) စက်ရုံဖြစ်ပြီး မြိုင်စက်ရုံကတော့ အိုင်အေအီးအေ အသိမခံတဲ့ (၂၃၅ ကိုးဆယ်ရာခိုင်နှုန်းအထိ ထုတ်မယ့်) စက်ရုံဖြစ်နိုင်ပါတယ်။ အသုံးမကျတဲ့ နအဖပီပီ စက်ရုံကို တော့ တော်ရုံတန်ရုံ မတွေ့နိုင် လေယာဉ်ဗုံးကြဲလို့ မလွယ် နိုင်တဲ့ တောင်ပေါ်လျှိုထဲ လျှို့ဝှက်ဆောက်နေပြီး စက်ရုံဆီသွားတဲ့ ကားလမ်းကိုတော့ လေးလမ်းသွား လမ်းမကြီး နီးနီး ဖြူးနေအောင် ဖောက် ထား ပါတယ်။ တောင်တွေဖြိုပြီး လျှိုကြီးကို တူးချဲ့ရာမှာ သေခဲ့တဲ့ အလုပ်သမားတွေ၊ ရွာသား တွေလည်း မနည်းပါဘူး။
ဒီနေရာမှာ အရေးပါတဲ့ ပြဿနာတခုက နအဖ ဗဟိုဆွဲအားစက်ရုံအတွက် ထောင်နဲ့ချီတဲ့ ဆလင် ဒါပြွန်လုံး ရှည် တွေကို ဘယ်သူက ရောင်းပေးသလဲ ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒီဆလင်ဒါတွေကို တွေ့ကရာ ဒန်အိုးဒန်ခွက် တွေ နဲ့ လုပ်လို့မရပါဘူး။ သီးသန့်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ရောင်း ပေးတဲ့ နိုင်ငံ၊ ရောင်းပေးတဲ့ ကုမ္ပဏီဟာ နိုင်ငံတကာ စည်းမျဉ်းတွေ၊ ကုလသမဂ္ဂ ကန့်သတ်ချက် တွေကို လုံးဝဖောက်ဖျက်တာဖြစ်တဲ့အတွက် မှောင်ခို ရောင်းသူတွေကို နိုင်ငံတကာက ဖော်ထုတ်အ ရေးယူရမှာ ဖြစ်သလို မရောင်းရသေးရင်လည်း မရောင်း နိုင်အောင် ပိတ်ပင်တားမြစ်ရမှာ ဖြစ်ပါ တယ်။ မြောက်ကိုရီးယားက သင်္ဘော ဗမာပြည်သွားမှာကို တောက် လျှောက်စောင့်ကြည့်နေတဲ့ အတွက် ကိုရီးယားသင်္ဘော၊ ဗမာသင်္ဘောတွေ မသုံးဘဲ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်လို ပိုက်ဆံရပြီး ရောဆိုတဲ့ တတိယနိုင်ငံတခုရဲ့ သင်္ဘောတွေနဲ့လည်း သယ်မယ့် အလားအလာ ရှိနေပါတယ်။
အန္တရာယ်ကြီးလှတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုကိုတော့ လူနေထူထပ်တဲ့ မေမြို့မှာဖြစ်စေ၊ ကျောက် ဆည်မှာ ဖြစ်စေ၊ ကြပ်ပြေးနေပြည်တော်မှာဖြစ်စေ ဆောက်မယ်မထင်ပါ။ အဏုမြူဗုံးကို လုံးချင်း အဓိပ္ပာယ် အတိအကျ အတိုင်း literally ဖင်ခွထိုင်နေလောက်အောင် မိုက်မဲရင်လည်း အုပ်ချုပ်ရေး စွမ်းရည် ညံ့ဖျင်းလဘော်ကျလှတဲ့ နအဖတွေ မြန်မြန် ကမ္ဘာမြေပေါ်က ပျောက်သွားဖို့ လွယ်သွား ပါလိမ့်မယ်။
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ဆောက်နေတဲ့ စက်ရုံကတော့ ရုရှားက ဝယ်တဲ့ (အိုင်အေအီးအေ အစစ်ဆေး ခံမယ့်) အဏုမြူဓာတ်ပေါင်းဖို ထားဖို့လို့ ယူဆရပါတယ်။ အခုထိတော့ ရုရှားက ဗမာ ပြည်ကို ပို့လိုက်တဲ့သတင်း မကြားရသေးပါဘူး။ ငဖဲမြို့နယ်ထဲက ကပစ (၁၄) စက်ရုံကတော့ မြောက်ကိုရီးယားက ဝယ်မယ့် (အိုင်အေ အီးအေ အသိမခံတဲ့) အဏုမြူဓာတ်ပေါင်းဖိုထားဖို့ ဖြစ်နိုင် ပါတယ်။ ငဖဲမြောက်ဘက် စေတုတ္တရာမှာတော့ အဏုမြူဗုံးကို ဒုံးကျည်ထိပ်ဖူးအဖြစ် ထုတ်လုပ်ဖို့ ကပစ (၂၀) စက်ရုံ တည်ဆောက်နေပါတယ်။ ဒါတွေကိုလည်း Google Earth မှာ မတွေ့သေးပါဘူး။ ပွင့်ဖြူ၊ ငဖဲ၊ စေတုတ္တရာ နယ်ချင်းစပ်နေတဲ့အတွက် ဒီစက်ရုံတွေဟာ တဆက်တစပ်တည်းလည်း ဖြစ်နိုင်သလို ပုံမှားရိုက်ဖို့လည်း ဖြစ်နိုင်ပါတယ်။ (Google Earth မှာ မြိုင်၊ ငဖဲ၊ စေတုတ္တရာ၊ ပွင့်ဖြူ၊ မြို့သစ် နယ်မြေတွေကို မေမြို့လို အသေးစိတ်ပြတဲ့အခါ ပြေးမလွတ် တွေ့နိုင်မှာပါ။)
နအဖဟာ နျူကလီးယားနဲ့ ဆက်စပ်ပတ်သက်တဲ့ စက်ရုံတွေ၊ အဆောက်အဦတွေ အားလုံးကိုလည်း မြေ အောက်မှာ မလုပ်နိုင်သေးပါ။ လက်ရှိ ဥမင်လှိုင်ခေါင်းတွေဟာ အမိန့်ပေးကွပ်ကဲရေးစခန်းတွေ Command post ၊ ခိုလှုံရာစခန်းတွေ Bomb Shelter နဲ့ သာမန် ခဲယမ်း ရိက္ခာထောက်စခန်းတွေ Logistic depot ပဲဖြစ်ပြီး (ဒုံးပျံတွေ ထားနိုင်တဲ့) အကြီးစား မြေအောက်သိုလှောင်ရုံနဲ့ မြေအောက်ထုတ်လုပ်ရေးဌာနတွေ မဆောက်ရ သေးပါ။ မကြာခင်ကာလအတွင်း ဆောက်လာ နိုင်စရာလည်း ရှိနေပါတယ်။
နအဖမှာ အဏုမြူဗုံးတင်ပြီး ဘန်ကောက်နဲ့ ဒါကာကို ဗုံးသွားကြဲနိုင်မယ့် (ရန်သူပစ်ချတာ မခံရနိုင်မယ့်) ခေတ်မီ စစ်လေယာဉ် မရှိပါ။ ကိုးကန့်ငြိမ်းအဖွဲ့နဲ့ တင်းမာမှုဖြစ်ပြီးနောက် F-7 လေယာဉ်တွေကို ခါတိုင်းပုံမှန်လေ့ကျင့် ပျံသန်းမှုထက် အင်အားနှစ်ဆတိုး၊ ပျံသန်းချိန်နှစ်ဆတိုး ပျံသန်းအင် အားပြ ခိုင်းတဲ့အခါ စစ်လေယာဉ်တစီး ရွှံ့ ဗွက်ထဲ ခေါင်းစိုက်သွားလို့ ကျန်တဲ့ လေယာဉ်မှူးတွေ ဘယ်သူမှ တရုတ်လေယာဉ် မမောင်းရဲတော့ဘဲ ခွင့်မဲ့ ပျက် ကွက် ဖြစ်ကုန်ကြပါတယ်။ ဒီလိုဒိတ်ကုန်နေတဲ့ တရုတ်လုပ် စစ်လေယာဉ် အဟောင်းအစုတ်တွေ၊ ဒိတ်ကုန်ခါနီး ရုရှားစစ်လေယာဉ်တွေကလည်း ဗုံးကြဲလေယာဉ် မဟုတ်လို့ အဏုမြူလက်နက်ကို အသုံးချချင်ရင် တာဝေး ပစ်ဒုံးပျံ ရှိဖို့လိုပါတယ်။ အဏုမြူလက်နက် ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ မြောက်ကိုရီးယား၊ အိန္ဒိယ၊ ပါကစ္စတန် တို့ တောင် အခုထိ ဒုံးပျံနည်းပညာကို ကောင်းကောင်းမပိုင်နိုင်သေးပါဘူး။ ခဏခဏ စမ်းသပ်နေရဆဲ၊ အလွဲလွဲ အချော် ချော် ဖြစ်နေဆဲ ဖြစ်ပါတယ်။ အနုမြူလက်နက်မလုပ်သေးတဲ့ အင်မတန် တိုးတက်ဖွံ့ဖြိုးတဲ့ ဂျပန်နိုင်ငံတောင် ဒုံးပျံနည်းပညာမှာ နိမ့်နေဆဲဖြစ်ပါတယ်။
လက်နက်ဈေးကွက်မှာရောင်းတဲ့ ဒုံးပျံတွေက တာဝေးလည်းမရ၊ အဏုမြူထိပ်ဖူး တပ်ဆင်နိုင် လောက်အောင် လည်း အဆင့်မမြင့်သလို ပစ်မှတ်တိကျမှုပိုင်းမှာလည်း မကောင်းသူထိပ် ကောင်းသူ ထိပ်သဘောပဲရှိပါတယ်။ ဒါကြောင့် နအဖဟာ အဲဒီဒုံးပျံတွေကို ဝယ်၊ သုတေသနလုပ်ပြီး တာဝေး ပစ်ဒုံးပျံဖြစ်အောင် အဆင့်မြှင့်ဖို့ လုပ်ရ ပါမယ်။ ဒီအတွက် မကွေးတိုင်း အထက်မင်းလှမှာရှိတဲ့ ကပစ (၁၀) စက်ရုံနဲ့ တောင်တွင်းကြီးမြို့နယ် မြို့သစ် နားက ကပစ (၁၅) စက်ရုံမှာ မြောက်ကိုရီး ယားအကူ အညီနဲ့ ကြိုးစားနေပါတယ်။
ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း နအဖလို အရည်အချင်းမျိုးနဲ့ဆိုရင် အဏုမြူပဲဖြစ်ဖြစ်၊ တာဝေး ပစ်ဒုံးပျံပဲဖြစ်ဖြစ် ချာနိုဘိုင်လ်ထက်ပိုဆိုးမယ့် အလားအလာ “ရှေ့ ၄၊ နောက် ၆၊ ငါပါ ၁၁ ယောက်” ဖြစ်ဖို့ အလားအ လာပဲများပါတယ်။ နျူကလီးယား မဖြစ်ဘဲ (အ) နူ ကလီးယားပဲ ဖြစ်သွားပါလိမ့်မယ်။
Read more...

0 comments:
Post a Comment