ရန်ကုန်မြို့ တစ်ဖက်ကမ်းရှိ ဒလမြို့နယ်အတွင်းရှိ ကျေးရွာ များတွင် ကြံ့ခိုင်ရေး အဖွဲ့ အစည်းမှ ပိုက် ဆံထုတ် ချေးခြင်းဖြင့် လာမည့် ၂၀၁၀ခုနစ် ရွေးကောက်ပွဲ အတွက် မဲဆွယ်နေကြောင်း ဒေသခံ များက ပြောသည်။ “ အခု ငွေယူထားတဲ့ သူတွေဟာ ကြံ့ခိုင်ရေးအဖွဲ့ရဲ့ မဲပုံးထဲပဲ ထည့်ရ မယ် တဲ့။ အဲဒါမှ နောက်ပိုင်း ဒီထက်ကောင်းတဲ့ အခွင့်အရေးတွေကို ကြံ့ခိုင်ရေး ဖန်တီးပေးနိုင်မှာ လို့ပြော တယ်။” ဟု ဒလမြို့နယ် အတွင်းရှိ ဘုရားကုန်း ကျေး ရွာမှ ငွေချေးယူခဲ့ သူတဦးကဆို သည်။ ကြံ့ခိုင်ရေး အဖွဲ့အစည်းသည် ယခုသြဂုတ်လအတွင်း ဒလမြို့နယ် အ တွင်းရှိ ကျေးရွာ အများ အပြားတွင် အိမ်ထောင်စုတစုလျှင် ၂ကျပ်တိုးဖြင့်ငွေကျပ် တသိန်း စီထုတ်ချေးထားပြီး ၂၀၁၀ခုနစ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးဆိုသော မဲပုံးအတွင်းမဲထည့် ရန် ငွေချေးသူများကို ပြောခဲ့သည်ဟု ကြံ့ခိုင်ရေးအသင်း ၀င်တဦးက ဆိုသည်။
“ ရွေးကောက်ပွဲတွေ ဘာတွေ ကျွန်တော်တို့ နားမလည်ပါဘူး။ဒလမှာ ကြံ့ခိုင်ရေးထဲဝင်ပြီး ရပ်ကျိုး ရွာကျိုး လုပ် နေတာပါ။ အထက်က ခိုင်းတဲ့ အတိုင်း ငွေထုတ် ချေးတယ် ။သူတို့ပြောခိုင်းလို့ မဲပုံးကိစ္စ ပြောတာပါ။” ဟုပညာ အရည်အချင်း ၅တန်းမျှသာ သင်ကြားခဲ့သော ကြံ့ခိုင်ရေး အသင်းဝင်က ဆိုသည်။
အဆိုပါ ကျေးရွာများတွင် အခြေခံ လက်လုပ်လက်စား သမားများ အဓိက နေထိုင်ပြီး နိုင်ငံရေးကို မသိနား မလည် သော လူထု၏ လိုအပ်ချက်အချို့ကို အနည်းငယ် ဖြည်ဆည်းပေး၍ မျှော်လင့် ချက် များပေးကာ ကြံ့ဖွံ့ဘက်သို့ သိမ်းသွင်းနေမှုသည် ကြံ့ခိုင်ရေး အဖွဲ့အစည်းအတွက် မှန်ကန်သော မဲဆွယ်စနစ် မဟုတ်ကြောင်း သတင်းစာ ဆရာကြီး တစ်ဦးက ပြောသည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီးအပြီးတွင် ကြံ့ခိုင်ရေးအဖွဲ့အစည်း သည့်  ပြည်သူများရှေ့သို့ ရုပ် လုံးထွက်ပြလာပြီး ရပ်ကွက်များတွင် ရေကန်များ ဆောက်ခြင်း၊ လမ်းများခင်းခြင်း ၊နွေရာသီ ရေ အခက်အခဲ ရှိသော ရပ်ကွက် များတွင် ရေဝေခြင်း၊ ကျောင်းဆောက်ခြင်း စသည့် လူမှုရေး လုပ်ငန်း များတွင် ပါဝင်လာမှုသည် ၂၀၁၀ ရွေး ကောက်ပွဲအတွက် အတွက် မျှော်ကိုး လုပ်ဆောင်မှုများ ဖြစ် ကြောင်း ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင် တဦးက ဆိုသည်။
“ သူတို့က ထည့်ဆိုတော့လဲ ထည့်ရမှာဘဲလေ ။ဒီရွာကို ဒီထက်ဖွံဖြိုးအောင် လုပ်နိုင်တာ သူတို့အဖွဲ့တဲ့ ပိုက်ဆံတွေ ထပ်ချေးမယ်လဲ ကြားတယ်။ ဘာလဲ ရွေးကောက်ပွဲ နားမလည်ပါဘူး။ဘာမှကို မသိတာ”ဟု ဒလမြို့ရှိ ဒေသ ခံတဦးကို ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မေးမြန်းကြည့်ရာတွင် ထိုသို့ ဖြေကြား ခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် စည်ပင် သာ ယာရေး ကော်မတီ၏ ငွေကြေး ပမာဏ များစွာကို ယခုလို လမ်းခင်းခြင်း၊ ရန်ကုန်တိုင်း၏ ကြံ့ခိုင်ရေး တာဝန်ခံ တဦး အဖြစ်တာဝန်ယူထားပြီး ကြံ့ခိုင်ရေးအဖွဲ့ ရံပုံငွေနှင့် စည်ပင်ငွေများ နှင့် ရောသုံးစွဲပြီး လမ်းများခင်း နေ သည်ဟု စည်ပင် အရာထမ်းများက ဆိုသည်။
“ မြို့တော်ဝန်က ကြံ့ဖွံ့ အဖွဲ့က အဖွဲ့ဝင်လေ၊ ရွေးကောက်ပွဲမှာ သူလဲ ၀င်ပြီးအရွေးခံမှာ ဆိုတော့ ဒီလောက်တော့ လျှောက်လုပ်နေတာပေါ့။”ဟု စည်ပင်သာယာရေး ကော်မတီက တာဝန်ရှိ တစ်ဦးက ပြောသည်။
၁၉၉၃ ခုနစ်မှ စတင်ကာ ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကြီးသည် အသင်း သား ၂၄သန်း ရှိနေသည်ဟု ၄င်းတို့က ထုတ်ပြန်သည်။ သို့ရာတွင် အများစုမှာ အစိုးရ ၀န်ထမ်း ဖြစ်၍ သော်လည်းကောင်း၊ ကျောင်းသား ဖြစ်၍သော်လည်းကောင်း ကာယကံရှင် ဆန္ဒမပါပဲ ထည့်သွင်း တွက်ချက်ထားခြင်း ဖြစ်သည် ကို တွေ့ရှိရသည်။
၂၀၀၆ခုနှစ် ၊ ၂၀၀၇ ခုနှစ်မှ စတင်ပြီး လူထုလှုပ်ရှားမှုများကို နှိပ်ကွပ်ရာတွင် ကြံ့ဖွံ့အဖွဲ့ကိုပါ အရပ် သားအ သွင်ဖြင့် သုံးစွဲလာခြင်းကြောင့် ကြံ့ဖွံ့အဖွဲ့ကို လူထု၏ ရွံ့ရှာမှုသည်လည်း ပိုမိုထင်ရှား လာခဲ့သည်။
Read more...

No comments:
Post a Comment