Wednesday, December 2, 2009

SSA တောင်ပိုင်းတပ်ဖွဲ့နှင့် PNLO အောက်ခြေတပ်ဖွဲ့များကြားပစ်ခတ်မှုဖြစ်ပွား

ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်းတပ်ဖွဲ့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLO တပ်ဖွဲ့ နှစ်ခု၏ အောက်ခြေတပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုတစ်ခုဖြစ်ပွား ခဲ့သည်။ ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့ နယ်အတွင်းရှိ နှစ်ဖက်တပ်များလှုပ်ရှားရာ နမ့်ပွန်ချောင်းအရှေ့ဖက်၊ တောရှ ဒေါရွာအနောက်ဖက်ရှိ တောင်ယာ အတွင်း PNLO တပ်ဖွဲ့များ ထမင်းချက်စားနေစဉ် SSAတောင်ပိုင်း အမှတ် ၃၆၁ တပ်ရင်းမှ လာရောက် ပစ် ခတ်ခြင်း ဖြစ်သည်ဟု PNLO ကပြောသည်။
အခင်းဖြစ်ပွားပုံနှင့်ပတ်သက်၍ ဒေသခံရွာသားများ၏ပြောပြချက်အား PNLO အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး ကြီး ခွန်သူရိန်က ယခုလိုပြောသည်။ “ပထမပိုင်းမှာ ဘယ်သူဘယ်ဝါက သူတို့ကိုလာပစ်လဲဆိုတာ မသိပါဘူး။ သူတို့အဲဒီကနေ ဆုတ်သွားပြီး နောက်နေ့ခပ်စောစောမှာမှ ရွာသားတွေဆီကနေ တဆင့်သူ တို့ပြန် ကြား ရတယ်။ အဲဒီအချိန်မှ SSA က မှန်းသူတို့သိတယ်။ အဲဒီ ၃၆၁ တပ်ရင်းမှန်းပေါ့နော်။” တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ခန့်ကြာပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်ရာ PNLO ဖက်မှ ဆေးမှူးခွန်ဇော်ဦး ပွဲချင်း ပြီး ကျဆုံးခဲ့သည်။

ယခုလိုဖြစ်ပွားရခြင်း၏ အခြေခံကျသည့် အချက်ကို ကောင်းစွာမသိရသေးသော်လည်း နှစ်ဖက်တပ်များ လှုပ်ရှား သည့်နယ်မြေဖြစ်သည့်အတွက် ပြဿနာအား ငြိမ်းချမ်းစွာ အဖြေရှာသည့်နည်း ဖြင့်ဖြေရှင်းလိုသည်ဟု ၎င်းက ဆက်ပြောသည်။ “မလိုလားအပ်တဲ့ သွေးထွက်သံယိုမှုဖြစ်တဲ့ ပြဿနာတွေ၊ ပအိုဝ်းနဲ့ရှမ်းနဲ့ ဖြစ်လာတဲ့ ပဋိပက္ခ တွေ၊ ဒါ ကိုလည်းကျနော်တို့မလိုလားပါဘူး။ ဒီပြဿနာနဲ့ပတ်သက်လို့ကတော့ ငြိမ်းချမ်းသောနည်းနဲ့ တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာသွားမှာပဲဖြစ်တယ်။”

ယင်းကိစ္စဖြစ်ပွားမှုအပေါ် ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်းပြောရေးဆိုခွင့်ရှိသူတဦးက ယခုလိုပြောသည်။ “ကျ နော်ကြားသိရသလောက်ကတော့ သူတို့အောက်ခြေအချင်းချင်းပေါ့နော့ အထင်မှား အမြင်မှားဖြစ် ပြီးတော့ သွားပစ်တယ်လို့ပဲကြားရပါတယ်။”

ယခုလိုဖြစ်ပွားသည့်အပေါ် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်း အဖြေရှာရန်လိုအပ်ပြီး “ကျနော် တို့အချင်းချင်း ဘာတွေကို ပူးပေါင်းဆောင်ရွက်မလဲ။ အကယ်၍ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် ပြ ဿနာကို ဖြေရှင်းလို့ရမှာမဟုတ်ပါဘူး။” ဟု ၎င်းကဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ နှစ်ဖက်ခေါင်းဆောင်များ တစ်ဖက်နှင့်တစ်ဖက် အသိပေး အကြောင်းကြားပြီးသော် လည်း ညှိနိုင်းဆွေးနွေးမှု မပြုလုပ်ရသေးဟု နှစ်ဖက် ခေါင်းဆောင် များက ပြောသည်။ ယင်းနယ်မြေတွင် SSA တောင်ပိုင်းနှင့် PNLO တပ်ဖွဲ့တို့ လှုပ်းရှားနေသည့်အပြင် မြန်မာစစ်အစိုးရက မကြာ ခဏ ထိုးစစ်ဆင် လေ့ရှိ သည့် ဒေသဖြစ်သည်။
Read more...

Thursday, November 26, 2009

ဒေသခံများကို တရားမ၀င်အဖွဲ့များနှင့် ဆက်သွယ်မှုဖြင့် စွပ်စွဲအရေးယူနေ

၂၅ နိုဝင်ဘာ ၂၀၀၉ (DVB)- ရှမ်းပြည်တောင်ပိုင်းရှိ ဆီဆိုင်နဲ့ ဟိုပုံးနယ်က ဒေသခံတချို့ကို တရားမ၀င် အဖွဲ့ အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုပြီး စစ်အစိုးရအာပိုင်တွေက ဖမ်းဆီးထောင်ချနေပါတယ်။ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (အက်စ်အက်စ်အေ)၊ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ခွဲထွက်အဖွဲ့တို့နဲ့ ဆက်သွယ်လို့ဆိုပြီး ပြည်ခိုင်ဖြိုး အသင်းဝင်တဦး အပါအ၀င် ၄ ဦးဟာ တရားမ၀င်အဖွဲ့အစည်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ သီးခြားစီ အမှုရင်ဆိုင်နေရတယ်လို့ ကာယကံရှင် မသားစုတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အလားတူ ဒီပုဒ်မနဲ့ပဲ ရွာခံ ၇ ဦး ၂ နှစ်စီ ထောင်ဒဏ် ကျသွားပြီးပြီလို့လည်း ပြောပါတယ်။ နယ်မြေခံစစ်တပ်ရဲ့ ဖမ်းဆီးမှု၊ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ရဲ့ စစ်ဆေးမေးမြန်းမှုတွေကြောင့် ရွာသား တွေက နောက် ဆုံးမှာ ခံဝန်လက်မှတ် ထိုးပေးလိုက်ရတာလို့လည်း ဆိုပါတယ်။


အဲဒီထွက်ချက်တွေအရ တရားရုံးရောက်တဲ့အခါ အပြစ်ရှိရှိ မရှိရှိ ထောင်ကျသွားကြတယ်လို့ ရွာခံတွေက ပြောပါ တယ်။ မနှစ်က နှစ်ဆန်းပိုင်းမှာ ဆီဆိုင်မြို့ စရဖ ရုံးကို အမည်မသိ သေနတ်သမားတွေက ပစ်ခတ်လို့ စရဖ တဦးသေ ဆုံးသွားပါတယ်။

အဲဒီဖြစ်ရပ်နောက်ပိုင်းမှာ အခုလို စွပ်စွဲဖမ်းဆီးမှုတွေ ပိုများလာတာလို့ ရွာခံတွေက ပြောပါတယ်။

ခုလို ရွာခံတွေကို စွပ်စွဲဖမ်းဆီးနေတဲ့ ကိစ္စနဲ့ပတ်သက်လို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း အက်စ်အက်စ်အေ ပြောခွင့်ရသူ စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

“သူတို့လုပ်နေကျ ထုံးစံအတိုင်းပါပဲ။ နအဖ က ခေတ်အဆက်ဆက် ဒီလိုပုံစံမျိုးပဲ ရှမ်းပြည်သူ ပြည်သားတွေကို ဆံဆက်နေပါတယ်။ မကျေနပ်ရင် မကျေနပ်သလို ရွာသားတွေကို သူပုန်တွေနဲ့ ဆက်သွယ်တယ်၊ ထောက်ပံ့ တယ်ဆိုပြီး ရွာခံတွေကို ဖိနှိပ်တယ်၊ ဖမ်းဆီးတယ်၊ မတရားညှဉ်းဆဲတယ်၊ အသက်ထွက်တဲ့ အဆင့်ထိ တောင် ရောက်တယ်။”

“အထူးသဖြင့် ဒီလက်နက်ကို အဖွဲ့အစည်းတွေနဲ့ တိုက်ခိုက်မှုဖြစ်ပွားတဲ့ နေရာဒေသမှာ ပိုပြီး ဆိုးရွားပါတယ်။ ဘယ်သူမှ အဲ့ဒီကိစ္စကို ဖြေရှင်းပေးတာ မရှိပါဘူး။ အကောင်းဆုံးက ကျနော်တို့ လူထုကြားမှာ မီဒီယာ အသင်း အဖွဲ့ငယ်လေးတွေ ရှိထားရင် ပိုကောင်းတာပေါ့။ နအဖ က တစုံတရာ လူ့အခွင့်အရေး ချိုးဖေါက်လာတယ်ဆိုရင် ချက်ချင်းကမ္ဘာကို တင်ပြနိုင်အောင် အဲ့လိုမျိုး အသင်းအဖွဲ့တွေ ရှိထားရင် ပိုပြီး အသင့်တော်ဆုံးပါပဲ။”

ဆီဆိုင်မြို့နယ်ဟာ အရင်က ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ထိန်းချုပ်ခဲ့ဖူးတဲ့ နယ်မြေပါ။

အခုအခါမှာ မြန်မာစစ်တပ်အပြင် အက်စ်အက်စ်အေ၊ ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလ လ တ) နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပီအန်အယ်လ်အို) တပ်ဖွဲ့တွေ လှုပ်ရှားနေတဲ့ နယ်မြေ ဖြစ်နေပါ တယ်။
Read more...

Sunday, November 22, 2009

နာဂတိုင်းရင်းသားအရေး အလေးထားရန် တောင်းဆို

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယအရှေ့မြောက်ပိုင်း နာဂလန်း(Nagagland) ပြည်နယ် အုပ်ချုပ်သူများက မြန်မာနိုင်ငံရှိ နာဂလူမျိုးများအရေး အလေးထားရန်နှင့် နယ်မြေသီးခြားသတ်မှတ်ပေးရန် အာဏာ ပိုင်များကို အကြံပြုတောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။ အိန္ဒိယရှိ နာဂလူမျိုးများ၏ လူမှုရေး၊ ပညာရေး တိုးတက်ရေးကို အိန္ဒိယအစိုးရမှ လုပ်ဆောင်ပေးနေသော် လည်း မြန်မာပြည်တွင်းမှ နာဂလူမျိုးများမှာမူ ထိုသို့ သော အခွင့်အရေးများ မရရှိကြသော်ကြောင့် ယခုကဲ့သို့ အကြံပြုရခြင်းဖြစ်သည်ဟု နာဂလန်း အထက် လွှတ် တော် အမတ်တဦးက ဆိုသည်။ “ကျနော်တို့ အခုအကြံပြုတာက တရားဝင်ရယ်တော့ မဟုတ်သေးဘူးပေါ့။ ဒါပေမယ့် ကျနော်တို့ မြန်မာ အစိုးရကို ပြောချင်တာက ပြည်တွင်းမှာရှိတဲ့ နာဂလူမျိုးတွေ ဖွံ့ဖြိုးတိုး တက်ရေး အတွက် အလေးထားပေးဖို့ပါ” ဟု အထက်လွှတ်တော်အမတ် Khekiho Zhimomi က ဧရာဝတီသို့ပြောသည်။
post from
နာဂလန်းပြည်နယ်နေ နာဂလူမျိုးများမှာ လူမျိုးရေးခွဲခြားခြင်း၊ ဖိနှိပ်ခံရခြင်းများမရှိဘဲ လွတ်လပ်စွာ နေထိုင်ရ ခြင်း ပညာသင်ခွင့်ရခြင်း၊ အိန္ဒိယအစိုးရက အလေးထားခြင်း အစရှိသည့် အကျိုးများ ခံစားနေရသော်လည်း မြန်မာပြည်တွင်းမှ နာဂလူမျိုးများမှာမူ ဖိနှိပ်မှုများခံစားနေရဆဲဖြစ်ကြောင်း၊ နာဂအမျိုးသားတဦးအနေဖြင့် မြန်မာနိုင်ငံတွင်း နေထိုင်သော မျိုးနွယ်စုများတိုးတက်ရေးကို မျှော်ကိုး၍ ပြောဆိုရခြင်းဖြစ်ကြောင်းလည်း သူက ပြောဆိုသည်။

သူက ဆက်လက်ပြီး“မြန်မာအစိုးရအနေနဲ့ သူ့တိုင်းပြည်မှာရှိနေတဲ့ နာဂလူမျိုးတွေကို သူတို့ကိုယ်ပိုင် နယ်မြေ သတ်မှတ်ပေးတာ မျိုး၊ သူတို့ တိုးတက်ရေးအတွက် လုပ်ပေးတာမျိုးတွေ ရှိသင့်တယ်။ ကျနော်တို့ အခုလို ပြော တာက ကျနော် တို့ အကျိုးအတွက်မဟုတ်ဘဲ မြန်မာပြည်အကျိုးအတွက်ပါပဲ”ဟု ပြောသည်။

နာဂတိုင်းရင်းသားများ အရေးနှင့်ပတ်သက်ပြီး နာဂလန်းပြည်နယ် ၀န်ကြီး Neiphiu Rio သည်လည်း နယူး ဒေလီရှိ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကြည်သိန်းနှင့် တွေ့ဆုံ၍ ပြောဆိုမှုများ မကြာခဏ ပြုလုပ်ခဲ့ သည်ဟု သိရသည်။

မြန်မာသံအရာရှိမှ အထက်သို့ တင်ပြပြောဆိုပေးမည်ဟု ဆိုသော်လည်း ယခုကဲ့သို့ ပြောဆိုခြင်းမှာ အစိုးရ ချင်း ပြောဆိုသကဲ့သို့ တရားဝင်မဟုတ်သေးသည့်အတွက် အကျိုးသက်ရောက်မှု နည်းမည်ဖြစ်ကြောင်းနှင့် နာဂတိုင်း ရင်းသားများအရေးကို အိန္ဒိယ ပါလီမန်တွင် တင်ပြ၍ နှစ်နိုင်ငံအစိုးရချင်း ပြောဆိုမှုဖြစ်ပေါ်လာရန် လိုအပ် သည် ဟု Zhimomi ကဆိုသည်။

“မြန်မာအစိုးရဘက်က အများကြီးလည်း လိုက်လျောနိုင်မှာ မဟုတ်ဘူးဆိုတာကို နားလည်ပါတယ်။ အများ ကြီးလည်း မမျှော်လင့်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီလိုပြောခွင့်ရလို့ အနည်းဆုံးတော့ မြန်မာအစိုးရအနေနဲ့ နာဂ လူမျိုးတွေအရေးကို အလေးထားပြီး လုပ်ပေးနိုင်ဖို့ပဲ မျှော်လင့်ပါတယ်”ဟု သူက ဧရာဝတီသို့ ပြောသွား သည်။

နာဂလန်းပြည်နယ် အုပ်ချုပ်သူများအနေဖြင့် ဤသို့ အကြံပြုချက်များပေးသော်လည်း မြန်မာပြည်တွင်းရှိ နာဂ တိုင်းရင်းသားများ တိုးတက်ရေးအတွက် တစုံတရာ အကျိုးရှိလိမ့်မည်မဟုတ်ဟု နာဂအမျိုးသား ဒီမိုကရေစီ အဖွဲ့ကဆိုသည်။
“ဒါက ထူးထူးခြားခြား ပြောင်းလဲမယ်လို့ မထင်ဘူး။ အခုချိန်ထိ ဖိနှိပ်မှုတွေကတော့ ရှိနေတာပဲ။ အဓိကက တော့ အစိုးရချင်းပြောတာဆိုရင်တော့ ထိရောက်မှုရှိလိမ့်မယ်။ ကိုယ်တိုင်ကြိုးပမ်းမှုလည်း လိုတာပဲ”ဟု နာဂအမျိုးသား ဒီမိုကရေစီအဖွဲ့ ဥက္ကဌ ဦးစောဆ က ပြောသည်။

နာဂတိုင်းရင်းသားများသည် နယ်မြေခံစစ်တပ်ပိုင် လယ်မြေများကို အခကြေးငွေမဲ့ ထွန်ယက်ပေးရခြင်း၊ လုပ် အားပေး စေခိုင်းခြင်း၊ အတင်းအကျပ် ဘာသာပြောင်းစေခြင်း၊ လယ်မြေများ သိမ်းဆည်းခံရခြင်းများ ကြုံတွေ့ကြရ ခြင်းကြောင့် အိန္ဒိယနိုင်ငံ နာဂလန်းပြည်နယ်တွင်းသို့ ထွက်ပြေးခိုလှုံလာခြင်းများ ရှိနေသည်။

အိန္ဒိယနိုင်ငံရောက် နာဂတိုင်းရင်းသားများကမူ အဆိုပါ အကြံပြုချက်နှင့် ပတ်သက်၍ အားရကျေနပ်ကြောင်း ပြောဆိုကြသည်။

“ဒီလိုပြောဆိုတာတွေရှိလာတော့ ကျနော်တို့ နာဂလူမျိုးတွေကောင်းကျိုးအတွက်ဆိုတော့ ၀မ်းသာပါတယ်။ ကျ နော်တို့ ဒီဘက် (နာဂလန်းပြည်နယ်) မှာက ဖိနှိပ်တာတွေမရှိဘူး။ လွတ်လွတ်လပ်လပ် ပညာသင်ခွင့် ဆိုတာမျိုး ရတော့ ပြည်တွင်းက နာဂလူမျိုးတွေကိုလည်း ဒီလိုဖြစ်စေချင်တယ်လေ”ဟု နာဂအမျိုးသား ကိုထွန်းထွန်းက ပြောသည်။

ပြည်တွင်းရှိ နာဂတောင်တန်းဒေသမှာ လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်းမှ အစပြု၍ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးများ ဖွံ့ဖြိုးတိုးတက်ခြင်းမရှိသည့်အတွက် မြန်မာအစိုးရက ပစ်ပယ်မေ့ဖျောက်ထားသော ဒေ သဖြစ်နေသည်ဟု သူကဆိုသည်။

နာဂတိုင်းရင်းသားများသည် ရှေးယခင်ကတည်းက ချင်းပြည်နယ် မြောက်ဖျားပိုင်း၊ စစ်ကိုင်းတိုင်း အနောက် မြောက်ပိုင်းရှိ တောင်တန်းဒေသများတွင် နေထိုင်ကျက်စားခဲ့ကြပြီး ကိုလိုနီခေတ် အင်္ဂလိပ်အစိုးရလက်ထက် နယ်နိမိတ်များ သတ်မှတ်သည့်အချိန်တွင် အိန္ဒိယနိုင်ငံပိုင်နှင့် မြန်မာနိုင်ငံပိုင်အဖြစ် နှစ်ပိုင်းကွဲသွားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် နာဂလန်းပြည်နယ်အဖြစ် တည်ရှိပြီး မြန်မာနိုင်ငံတွင်မူ စစ်ကိုင်းတိုင်း အနောက်မြောက်ပိုင်း လဟယ်၊ လေရှီး၊ ခန္တီး၊ တမူး စသည့်ဒေသများ၊ ချင်းပြည်နယ် မြောက်ဖျားပိုင်း နာဂတောင်တန်းဒေသများ တွင် နေထိုင်လျက်ရှိသည်။
Read more...

Junta Seeks to Win Hearts and Minds with FM Radio

RANGOON — The 3-year-old girl with thanaka on her face thrilled to the sound of her own voice as she sang along to a song coming out of a cheap, Chinese-made radio. It was one o’clock on a Saturday afternoon, and she was listening to her favorite children’s program on Mandalay’s local FM radio station. Children are not the only ones who enjoy listening to the radio in Burma. Many adults also like to make their favorite radio programs part of their daily routines. “I tune in to Rangoon City FM every morning to listen to the famous astrologer San Zarni Bo,” said a bus driver in Burma’s main commercial hub. “I don’t usually listen at any other time of day, unless I can find the time.”
In an era when much of the rest of the world finds it entertainment on the Internet, inexpensive handheld radios are still the technology of choice for most Burmese looking to take their minds off of their mundane lives. And increasingly, they’re finding the distraction they seek on local FM stations licensed by Burma’s ruling military regime.

Although most programming on these stations is not overtly political—unlike the heavy-handed propaganda of the state-run media—it often serves to counter the influence of Burmese-language shortwave radio stations based abroad, which are generally highly critical of the junta.

Especially since the monk-led Saffron Revolution of September 2007 and last May’s Cyclone Nargis, shortwave radio stations have become an important source of reliable, uncensored information in Burma. But at the same time that stations such as the Democratic Voice of Burma and the Burmese-language services of the BBC, Radio Free Asia and Voice of America have become fixtures in the lives of ordinary Burmese, local radio stations, usually run by municipal governments, have also become more popular.

“People who are interested in politics certainly listen to overseas radio stations, but they are mostly from the older generation. For the young, FM radio has more appeal, because these stations have more youth-oriented entertainment,” said a media analyst who asked to remain anonymous.

FM radio stations are relatively new to Burma’s media scene. Rangoon City FM went into operation in November 2001, and Mandalay FM began broadcasting in April 2008. Both stations are owned by their respective City Development Committees and operate in cooperation with the privately owned Forever Company.

An executive from Mandalay FM said that the station broadcasts 18 hours a day to reach the widest possible audience. He added that programming centers on music and other light entertainment.

Despite this emphasis on non-political content, however, the stations—many of which are run by cronies of the regime, including Zay Kabar, Shwe Taung, Shwe Than Lwin, and Thein Kyaw Kyaw—also broadcast commentaries that toe the official line on issues of the day.

To make sure that the pro-junta message reaches as many people as possible, taxi drivers who work for regime-affiliated companies are instructed to tune into the stations when they have passengers, according to a driver for the Parami Taxi Company, owned by the Myanmar Economic Holdings Co. Ltd, a military enterprise.

The success of the radio stations operating in Burma’s biggest cities has recently led to the creation of new stations in other parts of the country. In the past few months, four new stations have appeared: Pyinsawatti FM in Arakan State; Cherry FM in Shan State; Shwe FM, which reaches Pegu Division, Mon State, Karen State and Tenasserim Division; and Pattamya FM, which broadcasts to Kachin State, Sagaing Division and Chin State.

“Our target is every listener, young or old,” said a spokesperson for Pattamya FM, which has been broadcasting 14 hours daily, from 7 a.m. to 9 p.m., since Oct. 1. “We carry news, art, literature, music, movies, and health and education programs. We also provide up-to-date reports on political developments.”

Residents of Shan State said that Cherry FM’s programming consists mostly of popular music, Shan songs and other entertainment programs, but also includes pro-junta news coverage.

“The station has broadcast some news programs belittling [pro-democracy leader] Daw Aung San Suu Kyi. Listeners like the music, but they don’t like to listen to those programs. Most just switch off the radio as soon as they come on,” said a resident of Lashio, adding that exiled radio stations were difficult to access in the area.

Some local residents said they saw the recent emergence of FM stations as part of an effort to win voters’ support for pro-regime candidates in next year’s planned general election. They also said that some people in rural areas mistook the new stations for foreign-based shortwave radio stations, which generally have poor reception in remote parts of the country.

For many years, the only alternative to overseas radio stations was the state-run Myanmar Ah-Than, which serves as an official mouthpiece of the junta and has little in the way of entertainment programs. Since 2004, it has operated nine radio stations throughout the country using technology supplied by Thailand’s Shin Satellite Corporation.

Political activists say that the while the new FM stations are not as crudely propagandistic as the state-run stations, their purpose is basically the same.

“The regime knows well how to exploit the popularity of FM radio. They are now using the new stations to lure people away from the exiled media,” said a Rangoon-based politician.
Read more...

Tuesday, November 3, 2009

စွမ်းအားရှင်များ ရိုက်နှက်သဖြင့် သေဆုံးခဲ့ရသူအတွက် ဆွမ်းကပ်လှူ

မဇ္ဈိမ (ချင်းမိုင်) ။ ။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာများ မေတ္တာသုတ်ရွတ်ဆို ဆန္ဒဖော်ထုတ်ခဲ့ရာတွင် စွမ်း အားရှင်များ၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့သူ အတိုက်အခံပါတီဝင် မောင်ကိုကိုဝင်း၏ ၂ နှစ်ပြည့် အထိမ်း အမှတ် ယနေ့တွင် မိဘများက ရန်ကုန်တွင် သံဃာတော်များကို ဆွမ်းကပ်ပွဲ ပြုလုပ်ခဲ့သည်။ တောင်ဒဂုံမြို့ နယ်နေ မိဘများဖြစ်ကြသော ဦးငွေဝင်း၊ ဒေါ်ဝင်းဝင်းမြင့်တို့၏ နေအိမ်၌ ပြုလုပ်သော ဆွမ်းကပ်ပွဲသို့ သင်္ဃန်း ကျွန်းမြို့နယ် ဓမ္မင်္သဂီကျောင်းတိုက်မှ သံဃာတော် ၅ ပါး ကြွရောက် တရားဟောခဲ့သည်။ အတိုက်အခံများ၏ စုဝေးမှုများကို ဖမ်းဆီးဖြိုခွင်းတတ်သော စစ်အစိုးရလက်အောက် ယနေ့အလှူပွဲသို့ မြို့နယ်အသီးသီးမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် ၅၀ ခန့် တက်ရောက်ခဲ့ကြသည်။

အရပ်ဝတ် ထောက်လှမ်းရေးနှင့် ကြံ့ဖွံ့များက စောင့်ကြည့်ခဲ့ကြပြီး ရယက ဥက္ကဋ္ဌက တရားဟော ကြွရောက် သည့် သံဃာများ၏ ကျောင်းတိုက်ကို စုံစမ်းမှု ရှိခဲ့သည်ဟု ဒေါ်ဝင်းဝင်းမြင့်က ပြောသည်။

“ဒီနေ့ နှစ်ပတ်လည်ပေါ့နော်။ တိုင်းပြည်နဲ့ လူမျိုး၊ ဘာသာ၊ သာသနာအတွက် အသက်စွန့်သွားသူတွေအတွက် ကောင်းရာသုကတိလားဖို့အတွက် ဆုတောင်းတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် စွမ်းအားရှင်နှင့် လုံထိန်းများ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် အသက် ၂၂ နှစ်အရွယ် ၁၀ တန်း ကျောင်းသား မောင်ကိုကိုဝင်း၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်၌ ဒဏ်ရာများ ရရှိခဲ့သည်။

တလကျော်ကြာသည်ထိ မသက်သာသဖြင့် သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံကြီးရှိ ဦးနှောက်နှင့် အာရုံကြော ဌာ နတွင် ဆေးကုသနေစဉ် ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ ယိုထွက်ကာ သေဆုံးခဲ့ကြောင်း ဦးငွေဝင်းက ပြန်ပြော ပြသည်။

၂၀၀၇ ခုနှစ်အတွင်း လောင်စာဆီဈေးနှုန်းများ ရုတ်တရက် တိုးမြှင့်လိုက်ရာက စတင်ခဲ့သော ဆန္ဒပြမှုများကြောင့် ဒီမိုကရေစီသို့ အကူးအပြောင်း ဖြစ်လာလိမ့်မည်ဟု ပြည်သူအများ မျှော်လင့်ခဲ့ကြသည်။

သို့သော်လည်း စစ်တပ်က စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်၍ ပစ်ခတ်နှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီး၊ စစ်အစိုးရ ထူထောင်ထားသော စွမ်းအားရှင်အဖွဲ့ကလည်း ဆန္ဒပြသူများကို တုတ်များနှင့် ရိုက်နှက်ခဲ့ကြရာ သေဆုံးမှုများ ရှိခဲ့သည်။

အနီးကပ်သေနတ်ဖြင့် အပစ်ခံရသော ဂျပန်နိုင်ငံသား ဓာတ်ပုံသတင်းထောက်တဦး အပါအဝင် လူ ၃၇ ဦး သေ ဆုံးသည်ဟု စစ်အစိုးရက ကြေညာခဲ့သည်။ သို့သော် အတိုက်အခံများက ထိုပမာဏထက် အဆပေါင်း များစွာ သေခဲ့ရသည်ဟု ပြောသည်။
(ကိုဝိုင်း တည်းဖြတ်သည်။) News center
Read more...

Suu Kyi to Meet Campbell in Rangoon Hotel

The US delegation led by Assistant Secretary of State Kurt Campbell is scheduled to meet pro-democracy leader Aung San Suu Kyi at Rangoon’s Inya Lake Hotel on Wednesday morning. The meeting was confirmed by an official with the US embassy in Rangoon. The official, speaking on condition of anonymity said the embassy had been responsible for arranging the meeting at the hotel.

Following the meeting with Suu Kyi, Campbell will hold talks with opposition and ethnic leaders, the official said.

Campbell will hold a press conference on Wednesday at Rangoon International Airport before leaving Burma, the official announced. The State Department official will also report to the press on his Tuesday talks with senior regime officials in Naypyidaw.

Journalists in Rangoon report that Burma’s Ministry of Information is allowing photographers access to the US delegation and Suu Kyi when they meet on Wednesday.

“We are permitted by the authorities to take photos of the meeting between the US officials and Daw Aung San Suu Kyi, but only a photo opportunity,” said one Rangoon journalist. “The authorities told us ‘no questions’.”

Ahead of Campbell’s trip to Burma, Suu Kyi told her lawyer last week that she is “keenly monitoring” the State Department officials’ two-day visit to Burma.

Some observers remain skeptical about the visit and its chances of success. “We are not that excited,” said a senior Rangoon correspondent, speaking on condition of anonymity. “We have seen this kind of cosmetic [by the junta] in the past.”

“The real question is whether they [the military regime] have genuine political will,” the journalist said. “People have given them the benefit of a doubt, but whatever they do we treat it with a pinch of salt.”

A week before Campbell’s visit, the junta arrested more a dozen relief workers who helped Cyclone Nargis victims, including eight journalists, according to human rights groups.

Campbell’s visit follows the launch of a new Burma policy by the Obama administration in Washington. US officials led by Campbell met with a Burmese delegation headed by U Thaung, the Minister of Science and Technology who is a former Burmese ambassador to the US, in New York on Sept. 29.

On Oct. 9, the Burmese junta acceded to a request by Suu Kyi for a meeting with diplomats from the US, Britain and Australia to talk about the effectiveness of sanctions.

The meeting prompted speculation that Suu Kyi had shifted her stance on sanctions.

“I think most outside observers are misjudging Suu Kyi’s stance,” said Bertil Lintner, a Swedish journalist who is author of many books on Burma. “She has not changed her minds about sanctions as such. Sanctions are not an end in themselves but they are there to achieve a goal.”

Lintner told The Irrawaddy on Tuesday that if the regime is not willing to compromise, then, of course, she would like to see sanctions remain in force until those goals are met.

“By making that statement, Suu Kyi has once again become an active player in the Burmese imbroglio,” he added. “Now, no one can ignore her. She has showed that she is flexible and reasonable.”

Along with the US efforts for democratization in Burma, a key issue in US-Burma relations is cooperation in the fight to defeat the drug trade.

“There are a number of areas in which we might be able improve cooperation to our mutual benefit, such as counter-narcotics, health, environmental protection, and the recovery of the remains of World War II-era missing Americans,” Campbell told the US Congress on Oct.21.

Shortly before Campbell’s arrival in Burma, Prime Minter Gen Thein Sein travelled to the Kokang town of Laogai in northeastern Burma on Saturday to attend the incineration of seized narcotic drugs and precursor chemicals.

“This is a kind of signal by the junta to the US,” said Aung Kyaw Zaw, a former communist fighter who observes the Burma situation from China’s Yunnan Province. “But an open secret here is that the ruling generals have been involved in and ignored drug trading in the country for at least two decades,”
Read more...

Dissidents Expect Little from US Visit

Most Burmese dissidents, activists and ethnic leaders believe the visit of a US delegation to Burma is positive, but do not expect any major political concessions on the part of the Burmese military regime to come from the talks. Several dissidents have voiced their opinions, generally saying that the visit may be beneficial to the regime, but not to Burma’s opposition groups. The US delegation, led by Assistant Secretary of State for East Asian and Pacific Affairs Kurt Campbell, arrived on Tuesday morning in Burma’s capital, Naypyidaw, where it met with Burmese government officials.

According to diplomatic sources, Campbell is accompanied by Deputy Assistant Secretary for Southeast Asia Scot Marciel, the US State Department’s Burma Officer Laura Scheible and another State Department officer.

On Wednesday, the delegation will fly to Rangoon to meet representatives of various ethnic groups and leaders of the opposition National League for Democracy, including Aung San Suu Kyi.

One of the invited ethnic leaders, Aye Tha Aung, the chairman of the Arakan League for Democracy, said he hopes the US representatives learn more about the political landscape of Burma as they meet with representatives of the regime, the opposition and the ethnic groups.

“However, I am not hopeful of political improvement, because the regime refuses to hold tripartite dialogue [between the junta, the opposition political parties and the ethnic groups],” he said.

Political improvement will only come when there is a tripartite dialogue, and it doesn’t matter what the US does,” he said, adding that the Burmese regime only seeks better relations with the US as a means to lift economic sanctions.

Regional human rights activist Debbie Stothard, who is the coordinator of Altsean-Burma, said, “This trip is going to be the first real test of the new US policy … We want to see a genuine outcome.”

She said that an improvement in Burma’s political climate can only be measured by three criteria: the unconditional release of political prisoners, including Suu Kyi; an end to military conflict, war crimes and crimes against ethnic minorities; and a move toward tripartite dialogue.

Hla Ngwe, the joint secretary (1) of the Karen National Union, said, “If the US delegation is allowed by the junta to hear and discuss the demands of ethnic groups, dissidents and opposition parties, then a degree of success may be measured.

However, he said he doubted whether the talks would be productive as key government decision-maker Snr-Gen Than Shwe will miss the meeting.

Speaking to The Irrawaddy on Tuesday, a Wa official in Wa capital Panghsang said he does not believe the US can persuade the Burmese regime of the need for a political process. He said the political conflict in Burma is a domestic problem that can only be solved by the parties involved.

“We all want peace and that’s what we hope for,” he said. “But so much depends on the will of the Burmese junta.”

Campbell’s delegation is the first occasion for the Obama administration to negotiate with the Burmese junta since it announced in September it would engage with the regime though continue to impose economic sanctions.
Read more...

Friday, October 2, 2009

ဗိုလ်ချုပ်ကြီး သိန်းစိန် ဝန်ကြီးချုပ် တဦး အင်္ဂါနှင့် အညီ ပို့ဆောင် နုတ်ဆက် မခံရ

မင်းဆက်ခိုင်(နိရဉ္စရာ) အမေရိကန်နိုင်ငံတွင် ကျင်းပမည့် (၆၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် ထွက်ခွာသွားခဲ့သည့် ၀န်ကြီးချုပ် သိန်းစိန်အား နအဖ ထိပ်ပိုင်း စစ်အာဏာပိုင်များက လိုက်လံ ပို့ဆောင် နုတ်ဆက်ရာတွင် နိုင်ငံတော် ၀န်ကြီးချုပ် တဦး၏ အင်္ဂါရပ်နှင့် အညီ ပို့ဆောင် နုတ်ဆက်ခြင်း မခံခဲ့ရဟု သတင်းရရှိသည်။ စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာတွင် မျက်နာဖုံး စာမျက်နှာ၌ ဝန်ကြီးချုပ် သိန်းစိန်အား နအဖ စစ်အာဏာရှင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ် ချုပ်မှူးကြီး မောင်အေးတို့မှ စက်တင်္ဘာလ ၂၆ ရက်နေ့က နေပြည်တော် လေဆိပ်တွင် အခြံအရံနှင့် လိုက်ပါ ပို့ဆောင်စဉ် ၀န်ကြီးချုပ်သိန်းစိန်မှာ ပို့ဆောင် နုတ်ဆက်သူများ၏ ဘေးသို့ ရောက်ရှိနေသဖြင့် ၀န်ကြီးချုပ် သိန်းစိန်မှာ ၀န်ကြီး တဦး၏ ဂုဏ်အင်္ဂါရပ်နှင့် အညီ လိုက်ပါ ပို့ဆောင်ခြင်း မခံရဟု သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၀န်ကြီးချုပ် သိန်းစိန်၏ ခရီးစဉ်အား လိုက်ပါပို့ဆောင်သော ဓါတ်ပုံအား ကြေးမုံ သတင်းစာတွင် စက်တင်္ဘာလ ၂၇ ရက်နေ့က ဖေါ်ပြပါရှိသည်ကို တွေ့ရှိပြီးနောက် ၀န်ကြီးချုပ်သိန်းစိန်၏ အနေအထားနှင့် သူ၏ ၀န်ကြီးချုပ် တာဝန် အပေါ် လူများက မေးခွန်းထုတ်လာခဲ့ကြသည်ဟု အမည်မဖေါ်လိုသူ လုပ်ငန်းရှင် တဦးက ယခုကဲ့သို့ ပြောသည်။

“ မြန်မာနိုင်ငံ ၀န်ကြီးချုပ်တဦးရဲ့ ကုလသမဂ္ဂ ခရီးစဉ်အတွင်း ကြိုဆို လိုက်လံ ပို့ဆောင်တဲ့ နေရာမှာ ၀န်ကြီးချုပ် တဦးရဲ့ ဂုဏ်အင်္ဂါနှင့် အညီ ပို့ဆောင်မခံရဘဲ ပို့ဆောင်သူတွေရဲ့ဘေးက တပည့်တပန်း တဦးလို လိုက်ပါနေ တာကို မြင်ရတော့ ၀န်ကြီးချုပ်သိန်းစိန်ဆိုတာ ဘာမှ ပါဝါ အာဏာမရှိတဲ့ ၀န်ကြီးချုပ်ကြီးပါလား ဆိုပီး လူတွေက သဘော ပေါက်သွားကြတာပါဘဲ။”

တချို့လူများက ကြေးမုံသတင်းစာတွင် ဖေါ်ပြသော ဓါတ်ပုံကို ကြည့်ပြီး ၀န်ကြီးချုပ် သိန်းစိန်သည် တချိန် တခါက အာဏာပါဝါ အစွမ်းထက်ခဲ့သော ဝန်ကြီးချုပ်ဟောင်း ခင်ညွှန့်ကဲ့သို့ ဘေးဖယ်ခံရမည့် အတိတ် နမိတ် အဖြစ် တချို့လူများက ပြောဆိုနေကြသည်ဟုလည်း သိရှိရသည်။

“ဝန်ကြီးချုပ် တယောက်အနေနဲ့ကတော့ဗျာ ခုလို ပို့ဆောင် နုတ်ဆက်တဲ့ နေရာမှာ ရှေ့ဆုံးနေရာက မဟုတ်ရင် တောင် အလယ်က နောက်နေရာလောက်မှာတော့ ပါသင့်တာပေါ့၊ အခုက ထီးမိုး မခံရတဲ့ အပြင် ဘေးကိုပါ ရောက်နေတော့ ဓါတ်ပုံကို ကြည့်ပီး လူတွေက ဝန်ကြီးချုပ် သိန်းစိန်ရဲ့ အနေအထားကို သဘောပေါက် သွား ကြတာ ဖြစ်ပါတယ်။ သူဟာ နအဖထဲမှာ ဘာမှ အာဏာပါဝါ အစွမ်းအစ မရှိတဲ့ လူဆိုပီးတော့ ကြေးမုံ သတင်း စာက ပြည်သူတွေသိအောင် ထုတ်ဖေါ် ပြသလိုက်တာပေါ့ဗျာ” ဟု စစ်တွေမြို့ခံ နောက်တဦးကလည်း (ရယ် လျက်) ပြောဆို သွားခဲ့သည်။
Read more...

၅၀၀၀ ကျပ်တန်ကြောင့် စီးပွားရေးပိုမို ကြပ်တည်းမည်ဟုဆို

၅၀၀၀ ကျပ်တန်ငွေစက္ကူသစ် ထုတ်ဝေသုံးစွဲမည့် စစ်အစိုးရ၏ အစီအစဉ်ကို မြန်မာပြည်သူ အများစုက တိုင်းပြည် စီးပွားရေး ယခုထက် ပိုမို ယိုယွင်းပျက်စီးမည့် အရိပ်လက္ခဏာ အဖြစ် ရှုမြင်နေကြကြောင်း လေ့လာ သိရှိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ပြီး ၅၀၀၀ ကျပ်တန် ငွေစက္ကူကို သုံးစွဲ မည်ဟု တရားဝင် ကြေညာလိုက်သောကြောင့် ရွှေဈေးနှုန်း ရုတ်တရက်မြင့်တက်ကာ မြန်မာငွေ တန်ဖိုး ကျဆင်း ၍ ကုန်ဈေးနှုန်းများ ရုတ်တရက် တိုးမြင့်တက်လာမည်ကို လူအများက စိုးရိမ်နေကြသည်ဟု ကြားသိရသည်။

ကျပ် ၅၀၀၀ တန် ထွက်လာမည့်ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်ရှိ စီးပွားရေးပညာရှင်များ၊ လုပ်ငန်းရှင်များ၊ အစိုးရ ၀န်ထမ်းများ၊ တက္ကသိုလ် ကျောင်းသားများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ပျံကျဈေးသည်များနှင့် နေ့စားပျံကျ လုပ်သား များ၏ အမြင်များကို တွေ့ဆုံမေးမြန်းရာ အများစုမှာ ကုန်ဈေးနှုန်းများ မြင့်တက်လာမည်၊ ငွေ အကြွေ ပိုမို ရှားပါး လာမည်၊ စားဝတ်နေရေး ပိုမိုကျပ်တည်းလာမည် စသည့် စီးပွားရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပေါ် လာမည်ဟု ထင်မြင်ချက် ပေးကြသည်။

ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် နိုင်ငံတကာတွင် ကုန်ပစ္စည်းဈေးများ ကျဆင်းပြီး မြန်မာငွေ တန်ဖိုး ပြန်လည်မြင့်တက် တည်ငြိမ်လာချိန်တွင် ကျပ် ၅၀၀၀ တန် ထုတ်ဝေ ခြင်းသည် မှားယွင်းသော လုပ်ရပ် ဖြစ် သည် ဟု ရန်ကုန်ရှိ စီးပွားရေးပညာရှင် တဦးက ပြောသည်။

“စီးပွားရေး အကျပ်အတည်းမှာ မြန်မာငွေတန်ဖိုး မာလာတယ်။ လုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေကြားမှာ ရွှေတို့၊ ဒေါ်လာတို့ထက် မြန်မာငွေပဲ စုထား၊ ကိုင်ထားတဲ့အထိ တန်ဖိုးတက်ခဲ့တယ်။ ရွှေဈေးတွေထိုးကျ၊ အမေရိ ကန် ဒေါ်လာ မတည်မငြိမ်ဖြစ်နေလို့ ကျပ်ငွေအပေါ် ယုံကြည်မှု တိုးနေချိန်မှာ မြန်မာငွေတန်ဖိုးက တည်ငြိမ်နေ တာ ကို ဆက်ထိန်းသင့်တယ်” ဟု ထိုစီးပွားရေးပညာရှင်က ဆိုသည်။

ဘဏ်စနစ်နှင့် ချက်လက်မှတ် အသုံးပြုမှု မတွင်ကျယ်ခြင်းကြောင့် လက်ငင်း ငွေသားပေးချေစနစ်ဖြင့် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ရန် ငွေစက္ကူ အမြောက်အမြား ကိုင်တွယ်ရခြင်းမှ သက်သာ သွားနိုင် သော်လည်း ၅၀၀၀ ကျပ်တန် ထွက် ပေါ်လာခြင်းကြောင့် ကောင်းကျိုးထက် ဆိုးကျိုးသာ များပြားကြောင်း စီးပွားရေးပညာရှင် တချို့က သုံးသပ်သည်။

ယခုအခြေအနေတွင်ပင် အကြွေရှားပါးမှုပြဿနာ အကြီးအကျယ်ကြုံတွေ့နေရပြီး ၅၀၀၀ ကျပ်တန် ထွက်ရှိလာ ချိန်တွင် ပိုမိုအခက်ကြုံနိုင်သည်ဟုလည်း စီးပွားရေး ကျွမ်းကျင်သူများက ဆိုကြသည်။

“အခုတောင် ၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန်တွေ ရှားနေတာ ၅၀၀၀ တန်ထွက်လာ ရင် ၅၀၀ နဲ့ ၁၀၀၀ တန် ထပ်ရှားသွားမယ်။ အကြွေရှားပါးမှုကြောင့် ကုန်စည်ဈေးနှုန်း တက်မယ်။ ဥပမာ - ၂၅၀ တန် ပစ္စည်းတခုကို အကြွေရှားလို့ ၃၀၀ နဲ့ တင်ရောင်းတယ်။ ၄၀၀ တန်ကိုလည်း အကြွေရှားလို့ ၅၀၀ တင်ရောင်းတယ်။ ဒီလိုနဲ့ နောက်ဆုံး ကုန်ပစ္စည်းတွေရဲ့ အနိမ့်ဆုံးတန်ဖိုးက ၅၀၀ ဖြစ်လာလိမ့်မယ်။ ၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန် ပစ္စည်းတွေ လုံးဝ ပျောက်သွားလိမ့်မယ်” ဟု ဒဂုံတက္ကသိုလ်၊ ဘောဂဗေဒဌာနမှ ဆရာတဦးက ဆိုသည်။

၅၀၀၀ ကျပ်တန်များ ထုတ်ဝေရခြင်း၏ အဓိက အကြောင်းရင်းမှာ စစ်အစိုးရအနေနှင့် အသုံးစရိတ် လိုငွေပြမှုကို ဖြေရှင်းလိုခြင်းကြောင့် ဖြစ်သည်ဟု ပညာရှင်များက သုံးသပ်ကြသည်။

“နေပြည်တော်ဆောက်တယ်။ အစိုးရ ၀န်ထမ်းတွေကိုလည်း လစာ အဆပေါင်းများစွာ တိုးပေးတယ်။ စစ်တပ်ရဲ့ အသုံးစရိတ်ကလည်း တနေ့တခြားပိုများလာတယ်။ အရာရှိက စပြီး စစ်သားအဆုံး တပ်မတော် သားတွေကို တိုင်းပြည်က ရှာကျွေးနေရတယ်။ အစိုးရမှာ ခုလို ဘတ်ဂျက်လိုငွေတွေ ပြနေလွန်းလို့ ၅၀၀၀ တန်ထုတ်ရ တာဆို တာ ထင်ရှားပါတယ်” ဟု ရန်ကုန် စီးပွားရေးပညာရှင်တဦးက ပြောသည်။

၅၀၀၀ ကျပ်တန် ထွက်ရှိလာခြင်းကြောင့် ငွေကြေးဖောင်းပွမှုများ သေချာပေါက် ကြုံတွေ့ရမည်ဖြစ်ပြီး ချက်ချင်း လက်ငင်း ငွေကြေးဖောင်းပွမှု ကြီးကြီးမားမား ဖြစ်ပေါ်လာမည် မဟုတ်ဘဲ တဖြည်းဖြည်း ခြောက်လမှ တနှစ်အ ကြား ငွေကြေး ဖောင်းပွမှု ပြဿနာများ ကြုံတွေ့ရမည်မှာ သေချာသည်ဟု စီးပွားရေးပညာရှင်များက ဆိုသည်။

“၅၀၀၀ တန်ထုတ်မယ်လို့ ကြေညာပြီး ရွှေဈေး၊ ဒေါ်လာဈေးတွေ တက်သွားတာက လန့်လို့ တက်သွားတာ။ တကယ် ငွေကြေးဖောင်းပွလို့ မဟုတ်သေးဘူး။ တကယ်က ၅၀၀၀ တန်ထွက်ပြီး ခြောက်လနဲ့ တနှစ်အတွင်း ကျ မှ ဖြစ်မှာ။ နောက်ဆုံး ဈေးကွက်မှာ အဆပေါင်းများစွာ ဈေးတက်မယ်။ ဒါက သီအိုရီအရ သေချာပေါက် ပြောနိုင် တာပါ” ဟု ရန်ကုန်အခြေစိုက် စီးပွားရေး သုတေသီတဦးက ဆိုသည်။

မြန်မာနိုင်ငံရှိ စီးပွားရေးပညာရှင် အများစုမှာ ၅၀၀၀ ကျပ်တန်ထွက်ရှိမည့်အပေါ် ဆိုးကျိုးသာ များသည်ဟု ထောက်ပြနေချိန်တွင် သာမန် မြန်မာပြည်သူများ အကြားတွင်လည်း ၅၀၀၀ ကျပ်တန် ထွက်ပေါ်လာမည့် အရေး ကို စိုးရိမ်လျက် ရှိသည်။

၅၀၀၀ ကျပ်တန်ကြောင့် လုပ်ငန်းရှင်များအကြားတွင် မြန်မာငွေအပေါ် ယုံကြည်မှု လျော့ကျလာပြီး ငွေအစား ခိုင်မာမှုရှိသော အရာများကို ပြောင်းလဲ စုဆောင်းရန် စဉ်းစားနေကြကြောင်း ကြားသိရသည်။

“လုပ်ငန်းရှင်က သူပိုင်ဆိုင်မှုလျော့သွားမှာ ကြောက်တယ်။ ဒီတော့ ကျပ်ငွေအစား ခိုင်မာတဲ့ ပိုင်ဆိုင်မှုကို ပြောင်း လဲချင်တယ်။ ရွှေ၊ ဒေါ်လာ၊ အိမ်၊ ခြံမြေ၊ တိုက်တာ အဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှု လုပ်လာ လိမ့်မယ်” ဟု ရန်ကုန် စီးပွားရေးသမားတဦးက ပြောသည်။

၅၀၀၀ ကျပ်တန်ထွက်ရှိလာခြင်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အာဏာတည်မြဲရေး ယတြာလည်း ဖြစ်နိုင်သည် ဟု သုံးသပ်သူများ ရှိနေသည်။

“ဦးနေ၀င်း လက်ထက်ကလည်း ၉ ဂဏန်း ယတြာသဘောနဲ့ ၄၅ ကျပ်တန်၊ ၉၀ တန် ထုတ်တယ်။ ခုလည်း ငါး ထောင်တန် ထုတ်တယ်ဆိုတာက ငါထောင်တယ်၊ ငါမလဲဘူး ဆိုတဲ့ အတိတ်နမိတ်တဘောင်နဲ့ ထုတ်တာ ဖြစ်နိုင် တယ်” ဟု ရန်ကုန်မြို့ခံ တဦးက ဆိုသည်။

စစ်အစိုးရ သက်တမ်းတလျှောက် ခြင်္သေ့ပုံကိုသာ ငွေစက္ကူများတွင် ထည့်သွင်းရိုက်နှိပ်ခဲ့ရာမှ အသစ် ထွက်ရှိမည့် ၅၀၀၀ ကျပ်တန်တွင် ဆင်ဖြူ တော်ပုံ ပြောင်းလဲ ရိုက်နှိပ်ခြင်းမှာ ယတြာသဘောဖြစ်သည်ဟု
ဗေဒင်ဆရာတဦးက ပြောသည်။

“တိုင်းပြည် အုပ်ချုပ်တဲ့သူတွေ ဘုန်းတန်ခိုးကြီးမားလာရင် ဆင်ဖြူတော်ပေါ်တယ်။ ဒါမှမဟုတ် ဆင်ဖြူတော် ကို တခြားတိုင်းပြည်တွေက ဆက်သရတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်း ဘုန်းတန်ခိုးကြီးတဲ့ မင်းတပါး အဖြစ် ယတြာချေတဲ့အနေနဲ့ ဆင်ဖြူတော်ပုံကို တမင် ငွေစက္ကူမှာရိုက်တာ။ ဗေဒင်သဘောတွေ၊ ဓာတ်ဆင် ဓာတ်ရိုက် သဘော တွေအများကြီး ပါတယ်” ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့နိုင်ငံများတွင် ငွေစက္ကူ ရိုက်နှိပ်ရာ၌ ငွေစက္ကူထုတ်လုပ်မည့် သက်ဆိုင်ရာ နိုင်ငံအလိုက် အထင်ကရ ပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ နိုင်ငံ့ခေါင်းဆောင် လွတ်လပ်ရေး သူရဲကောင်းများ၊ ကမ္ဘာ့အလယ်တွင် ထင်ရှား ကျော်ကြား အသိအမှတ်ပြု ခံရသော ယဉ်ကျေးမှု အမွေအနှစ်နေရာ များ၏ပုံဖြင့် ရိုက်နှိပ်ထုတ်ဝေလေ့ ရှိသော်လည်း မြန်မာနိုင်ငံကဲ့သို့ တိရစ္ဆာန်ရုပ်ပုံများကို ငွေစက္ကူတွင် ရိုက်နှိပ်အသုံးပြုသည့်နိုင်ငံ ရှားပါး လှသည်ဟု မြန်မာ နိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်းဝင်တဦးက ရှင်းပြသည်။

“ကျနော် ကမ္ဘာပတ်လာတာ ဘယ်နိုင်ငံမှာမှ ငွေစက္ကူပေါ် တိရစ္ဆာန်ပုံ ရိုက်နှိပ်ပြီး သုံးတာ မတွေ့ဖူးသေးဘူး။ သူတို့နိုင်ငံတွေရဲ့ အကျော်အမော်တွေ၊ နိုင်ငံ့ခေါင်းဆောင် ပုံတွေကိုပဲ ငွေစက္ကူပေါ်မှာ အမြတ်တနိုး ရိုက်နှိပ် ကြတာ။ ငွေစက္ကူ မြင်တာနဲ့ သူတို့ တိုင်းပြည်အကြောင်းကို စိတ်ဝင်စားမိတယ်” ဟု သင်္ဘော ကပ္ပတိန် တဦးက ပြောသည်။

ငွေစက္ကူများပေါ်တွင် တိရစ္ဆာန်ပုံများရိုက်နှိပ်သုံးစွဲခြင်းသည် ငွေကြေးအပေါ် ယုံကြည်မှု လျော့နည်း စေနိုင်သည် ဟုလည်း ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေဆဲ ပါမောက္ခ တဦးက ရှင်းပြသည်။

“ဗိုလ်ချုပ်အောင်ဆန်း ပုံပါတဲ့ ပိုက်ဆံတွေကို လူတွေ တန်ဖိုးထားသိမ်းကြတယ်။ ပိုက်ဆံပေါ်မှာ ဗိုလ်ချုပ်ပုံ မြင်လိုက်ကတည်းက ပိုက်ဆံအပေါ် ယုံကြည်မှုရှိတယ်။ ပိုက်ဆံကို လူတွေ တန်ဖိုး ထားဖို့ဆိုရင် ပိုက်ဆံ မှာလည်း လူတွေ တန်ဖိုး ထားနိုင်လောက်တဲ့ အရာတွေ၊ ပုံ သဏ္ဌာန်တွေရှိရမယ်” ဟု သူက ဆိုသည်။
Read more...

အဖမ်းခံခဲ့ရသော ရန်ကုန်တိုင်းရဲမှူးကြီး ထွက်ပြေးလွတ်မြောက်

လာဘ်စားမှုကြောင့် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရန်ကုန်တိုင်း ရဲမှူးကြီးဝင်းနိုင် ထွက် ပြေး လွတ်မြောက်သွားပြီ ဖြစ်ကြောင်း ကြားသိရသည်။ စက်တင်ဘာ လလယ်ခန့်က ရဲမှူးကြီးဝင်းနိုင်နှင့် မြို့နယ် မှူး ၁၄ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့၍ ရန်ကုန်တိုင်း အထူးစစ်ဆင်ရေး ကွပ်ကဲရေးအဖွဲ့ (ကစထ) မှူး ဒုတိယ ဗိုလ် ချုပ်ကြီး မြင့်ဆွေက စစ်ဆေးခဲ့ပြီး နေပြည်တော်သို့ လွှဲပြောင်းစဉ် ရဲမှူးကြီးဝင်းနိုင် ထွက်ပြေးလွတ် မြောက်သွား ခြင်း ဖြစ်ကြောင်း သိရသည်။

[ရန်ကုန်မြို့တွင် လှည့်လည် သွားလာနေတတ်သည့် ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - အေပီ)] “ရဲမှူးကြီး ဝင်းနိုင်ကို လာဘ်စားမှုနဲ့ ရာထူးကနေရပ်စဲထားတဲ့အချိန်မှာ ထွက်ပြေးသွားတာ။ သူထွက်ပြေး သွားတော့မှ အရင် ထက်ပိုကြီးတဲ့ အမှုတွေ ထပ်တွေ့တဲ့အချိန်မှာ သူက မရှိတော့ဘူး” ဟု အာဏာပိုင်များနှင့် နီးစပ်သူ တဦးက ဆိုသည်။

ရဲမှူးကြီးဝင်းနိုင်အနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများနှင့် ပတ်သက်နိုင်သည်ဟု သူက သုံးသပ် သည်။ ရဲမှူးကြီး ဝင်းနိုင်သည် ရန်ကုန်တိုင်းရဲမှူးအဖြစ် တာဝန်မထမ်းဆောင်မီက ရှမ်းပြည်နှင့် တရုတ်ပြည် နယ်စပ်တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။

အတည်မပြုနိုင်သော သတင်းရပ်ကွက်၏ အဆိုအရ ရဲမှူးကြီးဝင်းနိုင် ထွက်ပြေးလွတ်မြောက် သွား သောကြောင့် ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီကိုပါ ထိန်းသိမ်းစစ်ဆေးနေကြောင်း ကြားသိရသည်။

ရဲမှူးကြီးဝင်းနိုင်နှင့်အဖွဲ့ ဖမ်းဆီးထိန်းသိမ်းခံရသည့် ဖြစ်ရပ်သည် ၎င်း၏ဇနီး ဒေါ်မွှေးမွှေး ပိုင်ဆိုင်သော ကာရာ အိုကေ ဆိုင်တဆိုင်ကို ရန်ကုန်တိုင်း အထူးသတင်း တပ်ဖွဲ့ (SB) က ဝင်ရောက်စစ်ဆေးစဉ် ရဲမှူးကြီး ဝင်းနိုင်က မကျေနပ်သဖြင့် အချင်းများကြပြီး တခြားသော ၎င်း၏ လာဘ်စားမှုများပေါ်ပေါက်ခဲ့ရာမှ စတင်သည်ဟု သိရ သည်။

“ရဲမှူးကြီးဝင်းနိုင်ရဲ့ မိန်းမ ပိုင်တဲ့ ဆိုင်တွေကအများကြီးပဲ။ ကာရာအိုကေဆိုင်တွေ၊ အနှိပ်ခန်းတွေ၊ အလှပြင် ဆိုင်တွေပိုင်တယ်။ ပြီးတော့ တခြား ဥပဒေနဲ့မညီတဲ့ စီးပွားရေးလုပ်ငန်းတွေကနေ ပုံမှန် ဆက်ကြေးသ ဘောမျိုး ကောက်တယ်” ဟု ရန်ကုန်မြို့မှ စီးပွားရေးသမားတဦးက ပြောသည်။

စက်တင်ဘာ ၁၅ ရက် ဝန်းကျင်က ရဲမှူးကြီးဝင်းနိုင်နှင့် တခြား မြို့နယ်မှူး များကို ဖမ်းဆီး ထိန်းသိမ်းခဲ့စဉ် ရန် ကုန်မြို့ရှိ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များနှင့် ရဲကို ငွေပေး၍ ဖွင့်ထားသော နှလုံးထီ၊ သုံးလုံးထီ အစရှိသည့် လောင်းကစား ဒိုင်များပိတ်ထားခဲ့ကြောင်း ကြားသိရသည်။

“ကျနော်တို့က မသိဘဲ တာမွေ၊ ရွှေဗဟို တာဝါမှာ ဖွင့်ထားတဲ့ အိုအေစစ် အနှိပ်ခန်းကို သွားမိတာ၊ ပိတ်ထား တယ်၊ ရဲတွေအများကြီး စောင့်နေတယ်” ဟု ရန်ကုန်မြို့ခံတဦးက ပြောပြသည်။

မကြာသေးမီကမှ ဖွင့်ထားသော ဘောက်ထော်ရှိ IQ အမည်ရှိ အနှိပ်ခန်းလည်း ထိုရက်များက ပိတ်ထားကြောင်း ၎င်းကဆိုသည်။

“အိုအေစစ် အနှိပ်ခန်းက ရဲမှူးကြီးဝင်းနိုင်ရဲ့ မိန်းမ ပိုင်တာလို့ ပြောတယ်” ဟု သူက ဆက်ပြောသည်။

ရန်ကုန် အဝေးပြေးကားဂိတ်အတွင်းရှိ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များ အပါအဝင် ရန်ကုန် တမြို့လုံးရှိ အနှိပ်ခန်း၊ ကာရာအိုကေ၊ နိုက်ကလပ်များအားလုံးမှာ ရဲမှူးကြီးထံသို့ တလလျှင် ဆတ်ကြေး သဘော ကျပ် ၆ သိန်းဝန်းကျင်ဆီပေးရလေ့ရှိကြောင်း ထို ဆိုင်ပိုင်ရှင်များနှင့် နီးစပ်သူတို့ထံမှ သိရသည်။

ယခုအသစ်ပြောင်းလာသည့် ရန်ကုန်တိုင်း ရဲမှူးကြီးအောင်နိုင်သူမှာ ယခင် ရဲမှူးကြီးဝင်းနိုင်လက်ထက်က ဆက် ဆံထားသည့် ဥပဒေနှင့် မညီသော အလုပ်များကို ဝင်ရောက်စစ်ဆေး နှိမ်နင်းနေသောကြောင့် အဆိုပါ ဆိုင်များ ပိတ်ထားရသည်ဟုလည်း သိရသည်။

“ဒါကတော့ အရင်လူလက်ထက်က လုပ်ခဲ့သမျှတွေကို နောက်လူက လိုက်ရှင်းတာ ထုံးစံပဲ” ဟု ရန်ကုန် စီးပွား ရေးလောကသား တဦးက ဆိုသည်။
Read more...