Sunday, June 21, 2009

Security for Home User

သင်ဟာ အင်မတန်မှ ချမ်းသာ ကြွယ်ဝသူ တစ်ယောက် ဆိုပါဆို့ သင့်မှာ သုံးမကုန်တဲ့ စည်းစိတ်တွေ ပိုင်ဆိုင် ထားပါတယ်။ ဒါကြောင့် သင်ဟာ သင့်အိမ်တံခါးကို မပိတ်ပဲ ညအိပ်ခဲ့မယ် ဆိုရင် အဆင်ပြေ နိုင်ပါ့မလား? ထိုနည်းတူ တန်ဖိုးကြီး ပစ္စည်းဘာတစ်ခုမှ မရှိအောင် ဆင်းရဲ မွဲတေနေတဲ့ လူတစ်ယောက်ကရော အိမ်တံခါးကို ဖွင့်ပြီး ညအိပ်လို့ အဆင်ပြေနိုင်ပါ့မလား? Computer မှာလဲ ဒီလိုသဘော တစ်ရားမျိုးပါပဲ။ ငါ့ computer ထဲမှာ ဘာ data မှ အရေးကြီးမှု မရှိပါဘူး ဆိုတဲ့ အတွေးမျိုးနဲ့ သင့် PC ကို security အတွက် ဂရုမစိုက်ပဲ ထားလို့ ရပါ့မလား? Company ကြီးတွေမှာသာ အသုံးပြုထားတဲ့ computer တွေပဲ security ပိုင်းအတွက် အရေးကြီးခြင်း မဟုတ်ပဲ home user တွေအတွက်ပါ PC security ဟာ အရေး ပါလှပါတယ်။ ဒီ ဆောင်းပါးမှာ သင့်ရဲ့ အိမ်သုံး PC တွေအတွက် security ပိုင်းအားကောင်းစေဖို့ ဆောင်ရွက်သင့်တဲ့ လုပ်ငန်းစဉ် ၅ ရပ်ကို ရေးသား ဖော်ပြပေးထားပါတယ်။

လုပ်ငန်းစဉ် (၁) Anti-Virus program များ တပ်ဆင်ခြင်း နှင့် အသုံးပြုခြင်း

သင့်အိမ်တံခါးကို လူတစ်ယောက် လာခေါက်ပြီ ဆိုပါဆို့ ဒီလူမှာ ရည်ရွယ်ချက် အားဖြင့် သင့်အိမ်မှာ ခေတ္တ တည်းခိုလိုခြင်း၊ တစ်စုံတစ်ခုအား သင့်ထံ ရောင်းချ လိုခြင်း ဒါမှမဟုတ် တစ်စုံ တစ်ခုအား ငှားရမ်း လိုခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာ သင်ဟာ ဒီလူရဲ့ တောင်းဆိုမှုများကို ခွင့်ပြုသင့် မပြုသင့် စဉ်းစား ဆုံးဖြတ် ရပါတော့မယ်။ ဒီလူဟာ သင့်ရဲ့ အိမ်နည်းချင်း သို့မဟုတ် သင့်အသိ တစ်ယောက် ဖြစ်နေ၍ ဖြစ်စေ ထိုသူပြောသော အကြောင်းအရာများက ခိုင်လုံ၍ ဖြစ်စေ ထိုလူကို သင့်အိမ်ထဲ ၀င်ခွင့်ပြုပြီး ထိုလူရဲ့ လှုပ်ရှားမှုကို သင်ကိုယ်တိုင် အနီးကပ်လေ့လာ ရပါတော့မယ်။

Computer မှာ အသုံးပြုတဲ့ Anti-Virus program တွေဟာလဲ ဒီလို သဘော တရားပါပဲ။ နည်းလမ်း အမျိုးမျိုးနဲ့ သင့် Computer ထဲဝင်လာတဲ့ data တွေကို သင့်ရဲ့ Anti-Virus program က လေ့လာ စောင့်ကြည့်ပြီး လိုအပ်သလို တုန့်ပြန် ပါလိမ့်မယ်။ Anti-Virus program ဟာ virus signature လိုခေါ်တဲ့ နမူနာ ပုံကြမ်း ရယူထားတဲ့ file တွေနဲ့ သင့် data တွေကို စစ်ဆေးပါတယ်။ အကယ်၍ virus signature နဲ့ တူနေတဲ့ data တွေကိုတော့ ထိန်းသိမ်းခြင်း၊ ဖယ်ထုတ်ပြစ်ခြင်း နဲ့ ဖျက်စီးပြစ်ခြင်း များကို ဆောင်ရွက်လိုက်ပါတယ်။

သင်ဟာ နေ့စဉ် TV သတင်းတွေနဲ့ သတင်းစာ၊ ဂျာနယ် နဲ့ မဂ္ဂဇင်းတွေကို ဖတ်ရှု့မယ်ဆိုရင် ဒုစရိုက် ပြုလုပ်နေသူများရဲ့ လှုပ်ရှားမှုများနဲ့ သတင်းများကို ဓါတ်ပုံတွေနဲ့ တကွ တွေ့မြင်နိုင်ပါ လိမ့်မယ်။ ဒါဆိုရင် သင့်ရဲ အိမ်တံခါးကို လာခေါက် လူဟာ ထိုသူတွေထဲက ဖြစ်နေခဲ့ရင် သင်ဟာ အလျှင်အမြန် ဆုံးဖြတ်ချက် ချပြီး ချက်ချင်း တုန့်ပြန် နိုင်ပါလိမ့်မယ်။ သို့သော် သတင်းတွေ နေ့တိုင်း နားစွင့်နေသော်လဲ သတင်းတွေထဲမှာ မပါဝင်သေးတဲ့ ဒုစရိုက်သမား တစ်ယောက်ဟာ သင့်အိမ် တံခါးကို လာခေါက် နိုင်ပါသေးတယ်။

Anti-Virus program ဟာလဲ ဒီလို ပုံဆံမျိုးပါပဲ။ Anti-Virus program တွေဟာ virus အသစ်တွေကို နားလည် ထိန်းချုပ် နိုင်ဖို့ Virus signature တွေကို update ပြုလုပ် ပေးရပါမယ်။ Anti-virus program တော်တော် များများဟာ Internet connection ရှိနေရင် အလွယ် တစ်ကူပဲ update ပြုလုပ် နိုင်ပါတယ်။ သို့သော် virus signature တွေကို update ပုံမှန် ပြုလုပ်နေပေမယ့်လဲ Virus singature တွေမှာ မပါဝင်တဲ့ virus တွေဟာလဲ သင့် computer ထဲကို ၀င်ရောက် သွားနိုင်ပါသေးတယ်။

သင်မသိတဲ့ လူစိမ်းတစ်ယောက် သင့်အိမ်တံခါးကို လာခေါက်တဲ့ အခါ သင်ဟာ မင်္သကာလို့ အော်ထုတ် ပြစ်ခြင်း၊ ရောင်းချသော ပစ္စည်းကို မ၀ယ်နိုင်ကြောင်း ပြောခြင်း နဲ့ ရဲကို အကြောင်းကြားခြင်းများ ပြုလုပ် နိုင်ပါတယ်။

Virus တွေကိုလဲ ဒီလိုပုံစံ အတိုင်း ကိုင်တွယ် နိုင်ပါတယ်။ သင်မသင်္ကာတဲ့ file တွေ နဲ့ Virus တွေရဲ့ လက္ခဏာတွေနဲ့ တူနေတဲ့ File တွေကို သင်ကိုယ်တိုင် အကဲခတ် သတိထားပြီး ဖတ်ထုတ် ရှင်းလင်း ပြစ်နိုင်ပါတယ်။ Virus တွေဟာ သင့် Computer ထဲကို နည်းမျိုးစုံနဲ့ ၀င်ရောက် လာနိုင်ပါတယ်။ Floopy disks, CD-ROMs, email, website တွေနဲ့ download file တွေကနေ တစ်ဆင့် သင့် Computer ထဲကို ၀င်ရောက် လာနိုင်ပါတယ်။ (လုပ်ငန်းစဉ် (၂) Attachments ပါသော email များ သတိထား စောင့်ကြည့်ခြင်း)

သင့်အိမ် လုံခြုံရေး အတွက် သင်ဟာ သင့်အိမ် ပါတ်ဝန်းကျင်ကို အမြဲနည်းပါး လှည့်လည် ကြည့်ရှု စစ်ဆေးနေဖို့ လိုအပ်ပါတယ်။ ဒါမှ ထူးခြား မှုရှိရင် သင်ချက်ခြင်း သိနိုင် မှာ ဖြစ်ပါတယ်။

ဒီလိုပါပဲ သင့်ရဲ့ Computer ကို virus တွေရန်က ကင်းဝေးဖို့ full scan ပြုလုပ် ပေးဖို့ လိုအပ်ပါတယ်။ (တစ်ချို့သော Anti-Virus တွေဟာ သင် schedule ပေးထားတဲ့ အတိုင်းသာ full scan ပြုလုပ်လေ့ ရှိပါတယ်။)

သင့်ရဲ့ Anti-Virus အတွက် URC ကို သိထားသင့်ပါတယ်။ URC ဆိုတာဘာလဲ အောက်မှာ ကြည့်ကြရအောင်။

1.UPDATE: သင့်ရဲ့ Anti-Virus ဟာ ပုံမှန် update ဖြစ်ရဲ့လား?

2.RESPOND: သင့်ရဲ့ Anti-Virus ဟာ အမှန်တကယ် Virus တွေကို ရှင်းလင်း ပေးနိုင် သေးရဲ့လား?

3.CHECK: သင့်ရဲ့ computer ထဲမှာ ရှိနေတဲ့ file တွေနဲ့ အသစ် ၀င်ရောက်လာတဲ့ file တွေကို သင့်ရဲ့ Anti-Virus က စစ်ဆေးသေးရဲ့လား?

ဖော်ပြပါ URC ဟာ သင့်အတွက် တကယ်ပဲ အသုံးဝင် လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ်ပါ။ Virus တို့ Worms တို့ အစရှိတဲ့ အဖြတ်စွမ်းအင် ပါဝင်သော Program ငယ်တွေဟာ မည့်သည့် computer ကိုမဆို တိုက်ခိုင် ဖြတ်စီး နိုင်ပါတယ်။ ဒါကြောင့် Anti-Virus တွေဟာ ပြည့်စုံမှု မရှိဘူး ပြောကြပေ မယ့်လဲ အတိုင်းအတာ တစ်ခုထိတော့ ကာကွယ် ပေးနိုင်ပါတယ်။

လုပ်ငန်းစဉ် (၂) Attachments ပါသော email များ သတိထား စောင့်ကြည့်ခြင်း

သင့်ပါတ်ဝန်းကျင်က လူတွေ ပြောနေကြ စကားတွေထဲက email မှာပါလာတဲ့ attachment တွေကြောင့် စိတ်ညစ်စရာ ဇာတ်လမ်းတွေ ဖြစ်သွား ကြရတယ် ဆိုတဲ့ စကားလုံးတွေ သင်ကြား ဖူးမှာပါ။ ၂၀၀၁ ခုနှစ် လောက်ကစပြီး letter bomb တွေနဲ့ exploding package တွေကို email နဲ့ အသုံးပြုပြီး စတင် ဖြန့်ဝေခဲ့ ကြပါတယ်။

email ကပါဝင်လာတဲ့ virus တွေ နဲ့ worm တွေကို လူတိုင်း နည်းပါး လက်ခံ ရရှိဖူးပါတယ်။ သင်မရရှိဖူးသေးရင်တော့ ရောက်လာပါတော့မယ်။ ဒီလိုမျိုး ရောက်လာခဲ့ရင် KRESV ဆိုတာလေးကို သတိရ ကြည့်လိုက်ပါ။ KRESV ဆိုတာကတော့

1.KNOW: သင်လက်ခံရရှိထားတဲ့ ပေးပို့သူကို သင်သိပါသလား?

2.RECEIVED: သင်လက်ခံရရှိထားတဲ့ ပေးပို့သူဟာ သင့်ထံကို အရင်က mail ပို့ဖူးပါသလား?

3.EXPECT: သင်လက်ခံရရှိထားတဲ့ ပေးပို့သူထံမှ attachment ပါလာလိမ့်မယ်လို့ သင်မျှော်လင့်ထားပါသလား?

4.SENSE: သင်လက်ခံ ရရှိထားတဲ့ ပေးပို့ သူထံမှ မျှောင်လင့်ထားတဲ့ Subject line နဲ့ Attachment ဟာကိုက်ညီမှု ရှိရဲ့လား?

5.VIRUS: သင်လက်ခံ ရရှိထားတဲ့ email မှာ virus ပါဝင်နေပါသည်ဟု သင့်ရဲ့ Anti-Virus က ဖော်ပြနေပါသလား? (လုပ်ငန်းစဉ် (၁) Anti-Virus program များ တပ်ဆင်ခြင်း နှင့် အသုံးပြုခြင်း)

ဒီဖော်ပြပါ KRESV ကို mail တစ်စောင် လက်ခံရရှိပြီးတိုင်း သတိရမိအောင် လေ့ကျင့်ထား သင့်ပါတယ်။ ကျွန်တော်တို့ တွေဟာ နေ့စဉ် mail ပေါင်း မြောက်များစွာကို လက်ခံရရှိ နေပါတယ်။ ဒါကြောင့် KRESV ဟာ သင့်ကို အမှန်တကယ် ကူညီ နိုင်မယ်လို့ မျှော်လင့်ပါတယ်။

သင်ဟာ email ပေးပို့သူဆိုရင်လဲ virus ကင်းရှင်းပြီး လက်ခံသူ ယုံကြည်မှု ရရှိနိုင်မယ့် mail မျိုးကို အောက်ပါအတိုင်း ပေးပို့ ဆောင်ရွက်နိုင်ပါတယ်။ KRESV ကိုပဲ ထပ်ပြီး သတိရလိုက်ပါ။

1.KNOW: သင် mail ပေးပို့မယ့် လူဟာ သင့်ကို မသိဘူးဆိုရင်တော့ ပထမ အကြိမ် အရိုးရှင်းဆုံး မိတ်ဆတ်စာကို ပေးပို့ ပေးရပါမယ်။ Attachment ပါဝင်ဖို့ မလိုတဲ့ အတွက် Attachment လုံးဝ ထည့်သွင်း ပေးဖို့ မလိုအပ်ပါဘူး။

2.RECEIVED: လက်ခံရ ရှိသူဟာ အရိုးရှင်းဆုံး မိတ်ဆတ်စာ တစ်စောင် ဖြစ်နေရင်တော့ သင့်ရဲ့ မိတ်ဆတ်မှုကို လက်ခံပါလိမ့်မယ်။

3.EXPECT: လက်ခံရ ရှိသူဟာ သင့် mail ကိုလက်ခံ ရရှိကြောင်း သို့မဟုတ် သင်၏ မိတ်ဆက်မှုကို လက်ခံတယ် ဆိုရင်တော့ လိုအပ်တဲ့ Attachment ကို ပေးပို့လို့ ရနိုင်ပါပြီ။

4.SENSE: သင်ဟာ လိုအပ်လို့ email ထဲမှာ Attachment ထည့်သွင်း ပေးပို့ ရပြီ ဆိုရင်တော့ Subject line နဲ့ Attachment name ကို ကိုက်ညီအောင် ပေးပို့ဖို့ လိုအပ်ပါတယ်။

5.VIRUS: သင်ပေးပို့တဲ့ Attachment မှာ Virus ပါဝင်သွားမှု မရှိစေရန် စစ်ဆေးပြီးမှ ပို့သင့်ပါတယ်။

ဒီလောက်ဆိုရင်တော့ KRESV ကိုသင်နားလည် လောက်ပါပြီ။ email တစ်စောင်ကို လက်ခံခြင်း သို့မဟုတ် ပေးပို့ရာမှာ ယုံကြည်မှု ရှိစေရန် KRESV ကို အမြဲ သတိရသင့်ပါတယ်။

လုပ်ငန်းစဉ် (၃) Firewall program များ တပ်ဆင်ခြင်း နှင့် အသုံးပြုခြင်း

သင့် Computer လုံခြုံရေးအတွက် firewall program များကို မေ့ထားလို့ မရပါဘူး။ Firewall ဆိုတာကို အလွယ်တကူ ရှင်းပြရင်တော့ သင့် Computer ရဲ့ Guard တစ်ခုပါပဲ။

ရူံးတစ်ရူံး ဒါမှမဟုတ် company တစ်ခုကို သင်သွားရောက် လည်ပါတ်ဖူးမှာပါ။ ထိုနေရာ၇ဲ့ ၀င်ပေါက်မှာ security အတွက် guard တစ်ခု ရဲ့ စစ်ဆေးမှုကို သင်ခံရပါလိမ့်မယ်။ သင့်ရဲ့ ၀န်းထမ်းကဒ် ကိုတောင်းယူကြည့်ပါ လိမ့်မယ်။ သင်ဟာ ၀န်ထမ်း မဟုတ်ရင်တော့ လာရောက် အရတဲ့ အကြောင်းပြချက် မေးပြီး အကြောင်းပြချက် ခိုင်လုံပါက guest log မှာ လက်မှတ်ထိုးခိုင်းပြီး သင့်ကို ၀င်ခွင့် ပေးလိုက် ပါလိမ့်မယ်။

Computer မှာ Firewall program ဟာ guard ပါ။ သင့် computer နဲ့ဆက်သွယ်ထားတဲ့ network တွေထဲက မလိုအပ်တဲ့ network တွေ ၀င်ရောက်လာမှု မရှိအောင် network လိုင်းတွေ ရှုပ်ထွေးမှု မရှိရအောင် စောင့်ကြည့် ကာကွယ် ပေးပါတယ်။

သင့်ရဲ့ Firewall program အတွက် PLAT ကို သင်သိထားဖို့ လိုအပ်ပါတယ်။ PLAT ဆိုတာကတော့

1.PROGRAM: မည်သည့် programတွေက Internet နဲ့ ချိတ်ဆတ်ဖို့ လိုအပ်နေပြီး မည်သည့် programတွေက Internet ချိတ်ဆက်မှုနဲ့ လိုအပ် မှုမရှိးသလိုကို ချိန်ညှိ နိုင်ရဲ့လား?

2.LOCATION: မည်သည့် Internet location နှင့် ချိတ်ဆက်မှု လိုအပ်နေကြောင်း သိရဲ့လား?

3.ALLOWED: Network များအား ၀င်ခွင့်ပြုခြင်း နှင့် ၀င်ခွင့် မပြုခြင်း လုပ်ငန်းများအား ဆောင်ရွက်နိုင်သေးလား?

4.TEMPORARY: လက်ရှိ အသုံးပြုနေတဲ့ connection ကို ယာယီ သို့မဟုတ် အတည်တစ်ကျ အဖြစ် ကွဲပြားစွာ သိရဲလား?

ဖော်ပြပါ PLAT ဟာသင့်ရဲ့ Firewall အတွက် အခြေခံ ရှိသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။ သင့်အတွက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့် မိပါတယ်။

လုပ်ငန်းစဉ် (၄) ခိုင်ခံ့သော Password များ အသုံးပြုခြင်း

သင်နေထိုင်တဲ့ အိမ်မှာ ၀င်ပေါက် တံခါးရယ်၊ နောက်ဖေးပေါက် နဲ့ ပြူတင်းပေါက်များ ရှိပါလိမ့်မယ်။ အားလုံးကို လုံခြုံအောင် ပိတ်ထားပြီး သောတစ်မျိုးထဲကို အသုံးပြုထားပါတယ်။ ဒါပြင် လိုရမယ်ရ သော့ အပိုနှစ်ချောင်း ပွားထားပြီး သင့်သူငယ်ချင်း နဲ့ အိမ်ရှေ့ ပန်းအိုးတွင်းမှာ တစ်ချောင်းစီ ထားထား လိုက်ပါတယ်။ ဒါဆို သင့်အိမ်က လုံခြုံမှု ရှိနိုင်ပါသေးလား?

ဒီလိုပါပဲ Computer မှာလဲ သင်ဟာ Password ကို တစ်မျိုးထဲ ပုံသေ သုံးပါတယ်။ သင့်သူငယ်ချင်းကိုလဲ သင့် Password ကိုပြောပြ ထားပါတယ်။ မေ့သွားမှာ စိုးရိမ်တဲ့ အတွက် keybard အောက်မှာ စာရွက်နဲ့ ရေးပြီး ဖွက်ထားပါသေးတယ်…..

Password ကို လူသိများတဲ့ စကားလုံးမျိုး ဥပမာ ပြောရရင်တော့ dictionary ထဲကလို စကားလုံးမျိုးတွေ မပေးရပါဘူး။ သင့်နဲ့ ပါတ်သတ်ပြီး လူသိများတဲ့ အကြောင်းအရာ မျိုးတွေလဲ မပေးရပါဘူး။ ဒီလိုတွေ မဖြစ်ရအောင် သင်ဟာ Password ရွေးခြယ် ဖို့စဉ်းစားတိုင်း SUPR ကို သတိရလိုက်ပါ။ SUPR ဆိုတာကတော့ အောက်မှာ ရှင်းလင်း ပြသထားပါတယ်။

1.STRONG: သင့်ရဲ့ Password ဟာ ရှည်လျှားပြီး ရှုပ်ထွေးရဲ့လား?

2.UNIQUE: ဘယ်လို အမျိုးအစားကို မဆို Password တစ်မျိုးထဲ ဖြစ်နေလား?(အနည်းဆုံး သုံးခုလောက်တော့ အသုံးပြုသင့်ပါတယ်။)

3.PRACTICAL: သင့်ရဲ့ Password ကို ရေးသားပြီး မှတ်သားထားဖို့ မလိုအပ် ရဲ့လား?

4.RECENT: ပြောင်းလဲပြီး အသုံးပြုနေရဲ့လား?

ဖော်ပြပါ SUPR ဟာ သင့်အတွက် အမှန်တကယ် လိုအပ် လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ Password တွေကို အလွယ်လေး မသတ်မှတ် ကြဖို့တော့ ထပ်မံ သတိပေးလိုက် ပါတယ်။

လုပ်ငန်းစဉ် (၅) Download ပြုလုပ်ထားသော file များအား သတိထား အသုံးပြုခြင်း

သင်ဟာ Application တစ်ခုကို တရားဝင် ၀ယ်ယူ လိုက်ပြီး သင့်စက်ထဲမှာ Install ပြုလုပ်လိုက်တဲ့အခါ requirment နဲ့ ကိုက်ညီရင် အားလုံး နည်းပါး အဆင်ပြေနိုင်ပါတယ်။ ဒါဟာ အထူးအဆန်း မဟုတ် ပါဘူး။ Company တွေက တိုက်ရိုက် စီစစ်ပြီးမှ ထုတ်လုပ်လိုက်လို့ အာမခံချက် အပြည့် ရှိနေလို့ ဖြစ်ပါတယ်။

Internet ပေါ်မှာတော့ လုံးဝနည်းပါး ကွဲပြား နေပါတယ်။ Internet ပေါ်ရောက်နေတဲ့ အခမဲ့ Application တွေ အများစုအတွက် ထုပ်လုပ်သူတွေရဲ့ အာမခံချက်လဲ မပါဝင်သလို အကြောင်းအရာ များကိုလဲ အသေးစိတ် ရေးသား ဖော်ပြထားမှု နည်းပါးပါတယ်။ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကိုလဲ တာဝန်ယူ ဖြေရှင်းပေးမယ့် သူမရှိပါဘူး။ ဒါဆို Internet ပေါ်က အခမဲ့ ရနိုင်တဲ့ Application တွေက မကောင်းဘူးလားလို့ သင်မေးလာနိုင်ပါတယ်။ ဒါလဲမဟုတ်ပါဘူး။ ကောင်းတာတွေ မရှိသလို မကောင်းတာတွေလဲ ရှိနေပါတယ်။ ဒီလို Application မျိုးကို ခွဲခြား နိုင်ဖို့ DCALD ကကူညီ ပေးနိုင်ပါတယ်။ DCALD ဆိုတာကတော့ …

1.DO: ဒီ Program ဟာ ဘာအတွက် အသုံးပြုလို့ ရလဲ?

2.CHANGES: ဒီ Program ကို Install ပြုလုပ်လိုက်တဲ့ အခါမှာ ဘာတွေ ပြောင်းလဲ သွားနိုင်လဲ?

3.AUTHOR: ဒီ Program ကို ရေးသားထားတဲ့ သူက ဘယ်လိုလူမျိုးလဲ?

4.LEARN: ဒီ Program ကို အသုံးပြုဖူးတဲ့ သူတွေက ဘာတွေပြောကြလဲ?

5.DESCRIPTION: ဒီ Program အတွက် အသုံးပြုပုံနဲ့ အလုပ်လုပ် ဆောင်ပုံကို ရှင်းရှင်း လင်းလင်း ရေးသား ဖော်ပြထားရဲ့လား?

ဖော်ပြပါ DCALD နဲ့ သင့်ရဲ့ Download ပြုလုပ်ထားတဲ့ Application တွေကို Install လုပ်သင့် မလုပ်သင့် အသုံးပြုသင့် အသုံးမပြုသင့် ခဲ့ခြား သွားနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။

အထက်ဖော်ပြပါ လုပ်ငန်းစဉ် ၅ ရပ်ဟာ အိမ်သုံး Computer တွေ ကိုင်တွယ် ထားတဲ့ end-user တွေအတွက် အခြေခံအားဖြင့် သိထား လိုက်နာသင့်တဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။
Read more...

No comments:

Post a Comment