လွန်ခဲ့သော နှစ်ပေါင်း(၄၀)ကတည်းက ပအိုဝ်းလူကြီးမိဘများက ဦးစည်းဦး ဆောင်ပြုမှုဖြင့် ပအိုဝ်း အမျိုးသား စာ ကြည့်တိုက်ကို တောင်ကြီးမြို့ပေါ်တွင် ဖွင့်လှစ်ခဲ့ဖူးသော်လည်း ရေရှည် ထိန်းသိမ်းသည့် ပုဂ္ဂိုလ်များမရှိခြင်းနှင့် စီမံခန့်ခွဲသည့်နည်းပညာ မကျွမ်းကျင်မှုကြောင့် ရေရှည် တည်တံမှု မရှိခဲ့ချေ။
၁၉၉၇ ခုနှစ် သြဂုတ်လ(၁)ရက်နေ့တွင် တောင်ကြီးမြို့နယ် ဖာမွန်းကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပပြု လုပ် သော ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု ညီလာခံမှ ဆုံးဖြတ်ချက် အရ ပအိုဝ်းအမျိုးသား စာကြည့်တိုက်နှင့် ပြတိုက်ဖွင့် လှစ်တည်ထောင် နိုင်ရန် စတင်ကြိုးပမ်း အကောင်အထည် ဖော်လာခဲ့သည်။
ထိုကြောင့် စာကြည့်တိုက် ပီပြင်ခိုင်မာစွာ တည်ထောင်နိုင်ရန် လိုအပ်သော စီမံခန့်ခွဲ့နည်း ပညာများကို ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလမှ မေလအထိ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှ ဦးစီးဖွင့်လှစ်သောအမှတ်စဉ်(၉) စာကြည့်တိုက် နည်းပညာသင်တန်းကို သင်တန်းသား(၂)ဦးစေလွှတ်ပြီး စာကြည့်တိုက်နည်းပညာကို သင် ကြားဆည်းပူးစေခဲ့သည်။
၁၉၉၉ ခုနှစ်တွင် ရန်ကုန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ပအိုဝ်း စာကြည့် တိုက်နှင့် ပြတိုက်ဖွင့်လှစ်နိုင်ရေးအတွက် မှတ်ပုံတင်ရရှိရေးကို လျှောက်ထားပြီး ၂၀၀၀ ခုနှစ် ဇူလိုင်လ(၁၁)ရက်နေ့တွင် မှတ်ပုံတင်အမှတ်(၀၀၈၁)ဖြင့် တရားဝင် ဖွင့်လှစ်ခွင့် ရခဲ့သည်။
ပအိုဝ်းအမျိုးသားစာကြည့်တိုက်ကို ရည်ရွယ်ချက် (၁၁)ရပ်နှင့် လုပ်ငန်းစဉ် (၁၈)ရပ်ဖြင့် တောင်ကြီးမြို့ အ မှတ်(၉၈) ကုန်သည်လမ်း၊ ဈေးပိုင်းရပ်ရှိ ပအိုဝ်းအမျိုးသားဂေဟာတွင် ဌားရမ်းမူဖြင့် ဖွင့်လှစ်တည် ထောင် ထားသည်။ စာကြည့်တိုက်ဖွင့်ချိန်မှာ နံနက် (၉း၃၀)မှ ညနေ(၃း၃၀)နာရီထိ ဖြစ်၍ ပိတ်ချိန်တွင် စနေ၊ တနင်္ဂ နွေနှင့် ရက်ထူးနေ့မြတ်ဖြစ်သည်။
ပအိုဝ်းအမျိုးသားစာကြည့်တိုက် တရားဝင်ဖွင့်လှစ်နိုင်ပြီးနောက် ၎င်းအား တည်တံခိုင်မာ ဖွင့် လှစ်နိုင်စေရန် လိုအပ်သော စာအုပ်စုဆောင်းရေးမှတ်ခြင်း၊ ပရိဘောဂပစ္စည်းများ ထိန်းသိမ်း ခြင်း၊ ရံပုံငွေထူထောင်ခြင်းအပြင် ရငွေ သုံးငွေ စနစ်တကျထိန်းသိမ်းခြင်း၊ စာပေဗဟုသုတ လေ့လာသူများအား စာအုပ်ငှားရမ်းခြင်း၏ စည်းမျဉ်း စည်းကမ်းများ သတ်မှတ်ခြင်း စသဖြင့် စနစ်တကျ ထိန်းသိမ်းနိုင်ရန် ဆပ်ကော်မတီ(၇)ဦးဖြင့် ဖွဲ့စည်းထားသည်။ စာကြည့်တိုက် လုပ်ငန်းများကို စနစ်တကျလှည့်ပတ်နိုင်ရန် စာကြည့်တိုက်နည်းပညာ သင်တန်းဆင်း(၂)ဦးနှင့် လက်ထောက်ဝန်ထမ်း (၁)ဦး စုစုပေါင်းဝန်ထမ်း(၃)ဦးခန့်ထားသည်။
ပအိုဝ်းအမျိုးသားစာကြည့်တိုက်ရှိ စာအုပ်စာပေများမှာ-
* ပညာရပ်ဆိုင်ရာစာအုပ်စာတမ်းများ ၇၀၀၀ အုပ်
* မဂ္ဂဇင်းစာစောင် ၃၇၇၃ အုပ်
* ပေစာ၊ ပရပိုက် ၂၀၀ စောင်
* နိုင်ငံခြားစာစောင် ၃၀၀၀ စောင်
* စာတမ်း ၁၀၀
* ဂျာနယ်စာစောင်များ ၈၃၃၄ စောင်
* ပအိုဝ်းဘာသာစာပေမျိုးစုံ ၁၅၀ စောင်
နေ့စဉ်ပုံမှန်ဝယ်ယူထားသော စာစောင်စာအုပ်များမှာ-
* နေ့စဉ်ထုတ်မြန်မာ့သတင်းစာများ ၂ မျိုး
* အပတ်စဉ်ဂျာနယ်များ ၈ မျိုး
* လစဉ်ထုတ်မဂ္ဂဇင်းများ ၄ မျိုး
* ဘာသာရပ်ဆိုင်ရာစာအုပ်များကို အလျဉ်းသင့်လျှင်သင့်သလို ၀ယ်ယူဖြည့်ဆည်းထားပါသည်။
စာအုပ်ကို ၀ယ်ယူစုဆောင်းရာတွင် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ပံပိုးမှုဖြင့် သော်လည်း ကောင်း၊ ပအိုဝ်း အမျိုးသားစာကြည့်တိုက်အသင်းဝင်ကြေးမှ သော်လည်းကောင်း၊ စာပေအလှူ ရှင်များထံမှ သော်လည်းကောင်း စသည့် အလှူရှင်များထံမှ လှူဒါန်းပံ့ပိုးသည့်ငွေများကို အများပြည်သူအဖို့ အကျိုးဖြစ်စေမည့် စာအုပ်စာပေများ၊ ဗဟုသုတဆိုင်ရာ စာအုပ်များကို ရွေးချယ်၍ စာကြည့်တိုက်နှင့် သင့်တော်သော စာအုပ်များကကို ၀ယ် ယူစုဆောင်းထားပါသည်။
စာအုပ်စာပေများကို ငှားရမ်းအသုံးပြုရာတွင် စင်ဖွင့်စနစ်နှင့် စင်ပိတ်စနစ်ဟူ၍ နှစ်မျိုး သတ်မှတ်ထားပါသည်။ ရည်ညွန်းစာပေများကို စင်ပိတ်စနစ်သတ်မှတ်ပြီး စာတမ်းသတ်မှတ် မည့် ပညာရှင်များ၊ ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ ကျောင်းသူကျောင်းသားများ ကိုးကားလေ့လာ နိုင်ရန်အတွက်သာဖြစ်ပြီး ပြင်ပသို့ငှားရမ်းခွင့်မပြုပါ။ စင်ဖွင့်စနစ်ကိုမူ အသင်းဝင်များကိုသာ ငှားရမ်းခွင့်ပြုသည်။ အသင်းဝင်မဟုတ်သူများကို ငှားရမ်းခွင့် မပြုပါ။ သတင်းစာဂျာနယ်၊ စာစောင်များကို စာကြည့်တိုက်ရှိ စာဖတ်ခန်းတွင် မည်သူမဆို ဖတ်ရှုလေ့လာနိုင်သည်။
ပအိုဝ်းအမျိုးသားစာကြည့်တိုက်ဝင်ဦးရေမှာ (၅၃၀)ခန့်ရှိပြီး နေ့စဉ်စာပေလေ့လာဖတ်ရှုသူ ကျောင်းသူ/သားနှင့် ပြည်သူတို့မှာ (၂၀)ဦးအထက်မှာရှိနေသည်။ ဤသို့ စာပေ၀ါသနာရှင် စဉ်ဆက်မပြတ် အားပေး ဖတ်ရှုပါ သော်လည်း ရံပုံငွေအင်အားနည်းပါးပြီး စာအုပ်များကို ၀ယ်ယူ အားဖြည့်မှု လျော့နည်းနေခြင်း၊ နေရာအခက် အခဲရှိခြင်း၊ ပရိဘောဂ မပြည်စုံခြင်းတို့ကြောင့် စာကြည့်တိုက်တိုးတက်သင့်သလောက်မတိုးတက် နိုင်ခဲ့ပေ။ မည် သို့ပင်ဆိုစေ ပအိုဝ်းအမျိုး သားစာကြည့်တိုက် တရားဝင်ဖွင့်လှစ်နိုင်ခြင်းမှာ တောင်ကြီးမြို့ပေါ်ရှိ မိဘပြည်သူ များအကြား မှာ ကျယ်ကျယ်ပြန့်ပြန့် သိရှိအားပေးမှု ရရှိနေပြီဖြစ်သည့်အတွက် အများပြည်သူများအဖို့ မီးရှူးတန် ဆောင်ပမာ အလင်းဆောင်ပေးခဲ့သည်။
Read more...

No comments:
Post a Comment