Sunday, June 21, 2009

Task manager trick and Avira antivirus offline update

Task Manager ပြောင်ချောကြီး ဖြစ်နေလို့ ဆိုပြီး လာမေးတာ ခံရဖူးပါတယ်။ တော်တော်လဲ စဉ်းစားရ ခက်သွားပါတယ်။ Task Manager ပြောင်ချောကြီး ဆိုတာ ဘယ်လိုမျိုးပါလဲ တော်တော် စဉ်းစားလိုက်ရတယ်။ နောက်မှ သဘော ပေါက်သွားတယ်။ Task manager မှာ double click နှိပ်မိလို့ ဖြစ်သွားတာပါ။ Task Manager ကို ပြောင်ချောကြီး လုပ်ကြည့်ချင်ရင် သို့မဟုတ် ပြောင်ချောကြီးကနေ အကောင်းတိုင်း ပြန်ဖြစ် စေချင်ရင် Task manager ရဲ့ ဘေးဘောင် လွတ်တဲ့နေရာမှာ double click နှိပ်ပေးလိုက်ပါ။

Windows အသုံးပြုနေတဲ့ PC တစ်လုံးအတွက် Antivirus ဟာ မရှိမဖြစ်ကို လိုအပ်ပါတယ်။ ကျွန်တော်တို့ antivirus တွေကို စမ်းကြည့်ရအောင် ဘယ်လို စမ်းကြည့်ကြမလဲ ကျွန်တော်တို့ Antivirus တွေက တကယ်ပဲ အလုပ်လုပ် သလားဆိုတာပေါ့။ Antivirus တွေက virus မဟုတ်ပဲ ဖမ်းနိုင်သလို virus ကိုလည်း မဟုတ်ဘူးဆိုပြီး လွတ်ပေးနိုင်တယ်။ Virus မဟုတ်ဘူးဆိုပြီး လွှတ်ပေးလိုက်တာတော့ ကြုံဖူးကြမှာပါ။ အခု ပြောပြချင်တာက virus မဟုတ်ပဲ virus ဆိုပြီး ဖမ်းတာ။ စမ်းသပ် ကြည့်လိုက်ရအောင်

X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*

အခုရေးပေးထားတဲ့ code တွေကို notepad ထဲမှာ ကူးထဲ့လိုက်ပါ။ ပြီးရင် .txt နဲ့ပဲ save လိုက်ပါ။ antivirus တစ်ခုခုနဲ့ scan လုပ်ကြည့် လိုက်ပါ။ virus ဆိုပြီး ဖမ်းပါလိမ့်မယ်။ ဘာမှ မဟုတ်တဲ့ code လေးပါ။ virus code လည်းမဟုတ်ပါဘူး။ Antivirus တွေ စိတ်ချရလား မချရလား ဒီမှာ သိနိုင်ပါတယ်။
Anti-Virus လောကမှာ နေရာ ရစပြုလာတဲ့ Avira Anti-Virus ကို Offline update ပြုလုပ်လို့ ရပါတယ်။ Avira Office site မှာ update file ကို Download ပြုလုပ် လိုက်ပါ။ သင့်စိတ်ကြိုက် တစ်နေရာမှာ သိမ်းထားလိုက်ပြီး Avira Anti-Virus ကို ဖွင့်ပြီး သင့်ရဲ့ Avira control panel ကို သွားလိုက်ပါ။ Update ပြုလုပ်မှာ ဖြစ်တဲ့အတွက် Update menu မှာ manual update ကို ရွေးခြယ်ပေးပြီး Download ပြုလုပ်ပြီး သင်သိမ်းထားတဲ့ update file ရဲ့ path ကို ရွေးပေးပြီး OK လုပ်ပေးလိုက်ပါ။ အချိန်အနည်းငယ် စောင့်ဆိုင်း ပြီးရင်တော့ သင့်ရဲ့ Avira Anti-Virus အတွက် offline update လုပ်ငန်းစဉ် ပြီးဆုံး သွားပါပြီ။
Read more...

No comments:

Post a Comment