Friday, June 19, 2009

Gtalk တွင် ကိုယ်ယောင်ဖျောက်ခြင်း

မကြာခင်ကမှ ပေါ်ထွက်လာတဲ့ Gmail ရဲ့ invisible mode ကို လူအများက အငြင်းပွားလျှက် ရှိပါတယ်။ ဒါဟာ Spy အလုပ်ခံရခြင်း ဖြစ်တယ်လို့ ပြောပြီး ကန့်ကွက်နေသူတွေကလည်း တစ်ပုံတစ်ပင် ရှိနေပါတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က Invisible mood လုပ်ထားလိုက်တာနဲ့ ကိုယ့် ကို အားလုံးက မမြင်ရဘဲ ကိုယ်ကသာ သူတို့ကို မြင်နေရလို့ပါ။(ကိုယ့်ကို သူတို့က Off Line ရောက်နေတယ်လို့ မြင်ရပါတယ်။)Invisible mode ကို ပြောင်းလဲရာမှာ Gmail မှာ ပြောင်းတဲ့နည်း နဲ့ Gtalk မှာ ပြောင်းတဲ့နည်း ဆိုပြီး နှစ်မျိုး ရှိပါတယ်-
Gmailက နေပြောင်းလဲတာကတော့ အလွယ်တကူပါပဲ …. အောက်ပါပုံလေးအတိုင်း ပြောင်းလဲလိုက်ရုံပါပဲ။

invicible in Gmail
Gtalk ကနေ ပြောင်းဖို့ကတော့ ရိုးရိုး Gtalk Software တွေမှာ မရသေးပါဘူး၊ Gtalk lab edition မှာပဲ ရပါသေးတယ်။ ဒီတော့ Gtalk lab ကို ဒေါင်းလုဒ်ချပြီး install လုပ်ဖို့ လိုပါလိမ့်မယ်။ ဒီမှာသွားပြီး ဒေါင်းလုဒ် ရယူနိုင်ပါတယ်။
invisible mood ပြောင်းတာကတော့ ဘာမှမခက်ပါဘူး၊ အောက်မှာ ကြည့်လိုက်ရုံနဲ့ သိသွားပါလိမ့်မယ် -
invicible in Gtalk
အင်း . . . ဒီတော့ တစ်ဖက်သူကလည်း invisible နဲ့ ပုန်းပြီး နေနိုင်ပါတယ်။ တစ်ဖက်သူဟာ Invisable နဲ့ Chat နေလား၊ သူ Online မှာတကယ်ရှိနေလား ရှိမနေဖူးလားဆိုတာကို ဒီလို စမ်းသပ်နိုင် ပါတယ် -

* Gtalk ထဲမှာ ကိုယ် မသင်္ကာလို့ စမ်းချင်တဲ့ သူရဲ့ Nick ကို Click ပြီး Chat box ထုတ်လိုက်ပါ။ ထုတ်ပြီးပြီဆိုရင် မChat ပါနဲ့ဦး၊ သူ့ကိုဖမ်းဖို့အတွက် နဲနဲလေး ပြင်ပြီး Chat ပါမယ်။
* Chat box ရဲ့ အပေါ်ဆုံးမှာ( ညာအစွန်ဆုံးမှာပါ ) ရှိတဲ့ Down arrow လေးကို ဆွဲချလိုက်ပါ။ အဲဒီမှာ sent files , email , Go off the record ဒါလေးတွေ ရှိပါလိမ့်တယ်။ အဲဒီထဲက Go off the record ဆိုတာလေးကို Click လိုက်ပါ …
* အဲလိုလုပ်ပြီးသွားတာနဲ့ စပြီး Chat လိုက်ပါ …Hi ပေါ့ ၊ တကယ်လို့ ကိုယ် Chat လိုက်တဲ့လူဟာ Offline မှာ တကယ်ရှိတယ်ဆိုရင် ..အနီရောင် စာတန်းလေး ပေါ်လာပါမယ်၊
* တကယ်လို့ သူဟာ ပုန်းနေပြီး Online မှာပဲ ရှိတယ်ဆိုရင်တော့ ပုံမှန် chat သလိုပဲ ပေါ်လာပါလိမ့်မယ်။ ဟုတ်ပြီ. . . :D/ . . .ကျွန်တော်တို့ မိပါပြီ။

Gmail ဟာ AIM, colored labels, group chat, invisible mood and rich emoticons စတဲ့ Functionအသစ်တွေကို ထပ်ထည့်လာပေမယ့် ဒါတွေကို အသုံးပြုဖို့တော့ သင်ရဲ့ Brower ကို upgrade လုပ်ဖို့ တောင်းဆို ထားပါတယ်။ Explorer 7 နဲ့ Firefox 2 ကို အသုံးပြုဖို့ ပါ။

အခြား ထပ်တိုးလာတဲ့ AIM, colored labels, group chat တွေ အကြောင်းတော့ အသေးစိတ် မပြောတော့ ပါဘူး၊ AIM mailကို Gmailမှာ ထည့်ပြီး ချက်လို့ ရလာပါတယ်။ (Gtalkမှာလည်း ရတယ်လို့ပြောပေမယ့် ကျွန်တော် စမ်းတာကတော့ မရပါ၊)
နောက် . . . Gmail ထဲမှာ Label တွေကို ကြိုက်ရာ အရောင် ပြောင်းလို့ ရလာပါတယ်။ Group chat ကို Gmail ထဲမှာ ရလာပါတယ်၊ Group Chat ပြောဖို့ -

1. သင့် Contacts list ထဲက တစ်ယောက်ယောက်ကို ချက်ဖို့ ခေါ်လိုက်ပါ။
2. အဲဒီ တစ်ယောက်ကို ချက်ဖို့ အသင့်ဖြစ်သွားတဲ့ အခါ, သင့်chat window ရဲ့ဘယ်ဖက်အောက်နားလေးမှာ ရှိတဲ့ Options ကို ကလစ်လုပ်ပြီး Group Chat ကို ရွေးပါ။
3. အဲဒီနောက် Labeled ထဲမှာ ‘Add a person to this chat,’ ဆိုတာလေး ကို တွေ့ပါလိမ့်မယ်။ သင့်ရဲ့ Group chat မှာ ထည့်ချင်တဲ့ သူတွေရဲ့ နာမည်တွေကို ထည့်ပါ။

နောက်တစ်နည်း ကတော့ -

* သင့် Gmail ရဲ့ chat window ဘယ်ဖက် အောက်နားလေးမှာ ရှိတဲ့ Options ကို ကလစ်နှိပ်ပြီး Group chat ကိုရွေးကာ ကိုယ်ထည့်ချင်တဲ့ သူတွေကို ထည့်လိုက်တာပါ။

တကယ်လို့ သင်ဟာ Group chat ကနေ ထွက်ပြီးမှ ပြန်ဝင်ချင်တယ် ဆိုရင်တော့ ၊ အဲဒီမှာ ဆက်ပြောနေတဲ့ သူ တစ်ယောက်ယောက်ရဲ့ invited message ကို လိုပါတယ်။ Group chat ဟာ အဲဒီ chat ထဲမှာ ပြောဆိုမယ့်သူ မရှိတဲ့ အခါမှာ အလိုအလျှောက် ဖျက်ပြီးသား ဖြစ်သွားပါ လိမ့်မယ်။

အဲ . . . Gtalk မှာ အသုံးပြုနိုင်တဲ့ Tricks လေးတွေ အများကြီးပဲဗျ၊ အင်း ရေးမယ်ဆိုရင်လည်း ထပ်နေမယ်၊ ဒီအောက်က လင့်လေးတွေမှာ သွားဖတ် ပေးကြပါဗျာ -
Gtalk Tricks in MMEYES.NET
Gtalk Tricks in IT MEN
Gtalk Theme
Gtalk Smile
Useful Google Talk Bots That You Must Add as Friends
More Ways to Use Google Talk
Gtalk Translation Bots
Chatroom in Gtalk - Partychat
Add-ons to Make Gtalk Better
Gtalk Translation Bots
Gtalk Tools
Read more...

No comments:

Post a Comment